သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်း အထက်လွှတ်တော်အတည်ပြု


အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအမှတ်တံဆိပ်
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအမှတ်တံဆိပ်

တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရေး ချဥ်းကပ်ပုံ ပြဋ္ဌာန်းချက်တွေ ပါဝင်ပြီး ၈၉၅ ဘီလီယံအထိ တိုးမြှင့်ထားတဲ့ ကာကွယ်ရေး ဥပဒေကြမ်းကို အမေရိကန် လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ မဲပေး အတည်ပြုလိုက်ပါတယ်။ “အမျိုးသား လုံခြုံရေး အခြေခံပေါ်မှာ တရုတ်ကွန်မြူနစ်ပါတီကို ကောင်းကောင်း ဆန့်ကျင် ရပ်တည်ထားတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။” လို့ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင်၊ နယူးယောက်ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် Chuck Schumer က ပြောပါတယ်။

ယူကရိန်းကို အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့အတိုင်း ထိုင်ဝမ်ကို စစ်ရေးအရင်းအမြစ် ပို့ပေးနိုင်မယ့် ရံပုံငွေ တရပ်ထားရှိရေးလည်း ဒီ ပြဋ္ဌာန်းချက်တွေထဲမှာ ပါဝင်ပါတယ်။ တရုတ် ထုတ်ကုန်တွေ စစ်တပ်က မဝယ်ရလို့ အမေရိကန်က မကြာမီနှစ်တွေအတွင်း ပိတ်ပင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းမှာတော့ အဲဒီလို ပိတ်ပင်တာကို ကြက်သွန်ဖြူ ကနေ ဒရုန်းနည်းပညာအထိ တိုးချဲ့လိုက်ပါတယ်။

"ကြက်သွန်ဖြူက အမေရိကန်ကို အရေးပါပါ ခြိမ်းခြောက်နိုင်မယ်လို့တော့ ကျွန်မ မထင်ပါဘူး။ ပိုပိုများလာတဲ့ တရုတ်လုပ် ပစ္စည်းတွေက အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်လာကြောင်း စွပ်စွဲချက်ကို ပြနိုင်တဲ့ အထောက်အထား ဒါမှမဟုတ် အကျိုးအကြောင်း အမေရိကန်က ပြနိုင်ခဲ့ပါသလား"လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က မေးခွန်း ထုတ်ပါတယ်။

ကန် ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်း အထက်လွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG