သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လက်နက်တွေ ကမ္ဘာ့ဈေးကွက်မှာ ရောင်းအားကျ


စစ်လက်နက်ပြပွဲတခုမှာတွေ့ရတဲ့ တရုတ်လုပ် ဒရုန်းယာဉ် (ယခင်ပုံဟောင်း)
စစ်လက်နက်ပြပွဲတခုမှာတွေ့ရတဲ့ တရုတ်လုပ် ဒရုန်းယာဉ် (ယခင်ပုံဟောင်း)

နိုင်ငံတကာ စစ်လက်နက် ရောင်းချမှုတွေ တိုးမြှင့်ပြီး ကိုယ်ပိုင်စစ်တပ်ကို ခေတ်မီ တိုးတက်အောင် လုပ်နေတဲ့ တရုတ်နိုင်ငံရဲ့ လက်နက် တင်ပို့ရောင်းချမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ သိသိသာသာ ကျဆင်းခဲ့တယ်လို့ Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန SIPRI က ပြောပါတယ်။

ဒီလို ကျဆင်းရတဲ့ အဓိက အကြောင်းရင်းထဲမှာ တခုက တရုတ်နိုင်ငံထုတ် လက်နက်တွေဟာ တိုက်ခိုက်ရေး အတွေ့အကြုံပိုင်းမှာ အားနည်းတာကြောင့် ဖြစ်တယ်လို့ SIPRI အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ယူကရိန်းနဲ့ ဂါဇာ စစ်ပွဲတွေကြောင့် နိုင်ငံတကာ လက်နက် တင်ပို့ရောင်းချမှုတွေ သိသိသာသာ တိုးလာခဲ့ပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး ၁၀၀ ရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဒေါ်လာ ၆၃၂ ဘီလျံ၊ ရာခိုင်နှုန်းအားဖြင့် ၄.၂ % တိုးလာခဲ့တယ်လို့ ဒီသီတင်းပတ်ထဲ ထုတ်ပြန်တဲ့ SIPRI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီလို တိုးလာတဲ့ အထဲမှာ တရုတ် ကုမ္ပဏီတွေရဲ့ တိုးနှုန်းကတော့ ၀.၇ % သာရှိတဲ့အကြောင်းနဲ့ ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း အနည်းဆုံး ပမာဏလို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာပေါ်မှာ လက်နက် တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်နက် ထုတ်လုပ်တဲ့ ထိပ်တန်း ကုမ္ပဏီကြီး ၁၀၀ ထဲမှာ အမေရိကန်ကုမ္ပဏီ ၄၁ ခု ပါဝင်သလို၊ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၃၁၇ ဘီလျံ ရှိခဲ့ပါတယ်။

ဒီလို ကုမ္ပဏီ ၁၀၀ ထဲမှာ တရုတ် ကုမ္ပဏီကတော့ ၉ ခုသာ ပါဝင်ပြီး လက်နက် ရောင်းချလို့ရတဲ့ ဝင်ငွေက ဒေါ်လာ ၁၀၃ ဘီလျံ ရှိတဲ့အကြောင်း သုတေသန အချက်အလက်တွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတကာ ကာကွယ်ရေးပစ္စည်း ပြပွဲတွေမှာ တရုတ် ကုမ္ပဏီတွေ ပါဝင်ခဲ့ပြီး နိုင်ငံတကာမှာ စျေးကွက် ချဲ့ထွင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းတာတွေ လုပ်ခဲ့တဲ့တိုင်အောင် တရုတ်လက်နက်ပစ္စည်းတွေ ရောင်းအား ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG