သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို စစ်လက်နက်ရောင်းချတဲ့ တရုတ်ကုမ္ပဏီ ၄ ခု အမေရိကန်ဒဏ်ခတ်အရေးယူ


မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ် ထိုင်းနယ်စပ်မှာ ထိုးစစ်ဆင်နေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ် ထိုင်းနယ်စပ်မှာ ထိုးစစ်ဆင်နေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ လေယာဉ် အစိတ်အပိုင်းတွေကို ရောင်းချပေးမှုနဲ့ တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက် ပါတယ်။

စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းရောင်းချမှုနဲ့ ဒဏ်ခတ်အရေးယူလိုက်တဲ့ တရုတ်ကုမ္ပဏီ ၄ ခုထဲက ၂ ခုဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ကျန် ၂ ခုကတော့ ရုရှားနိုင်ငံမှာအခြေစိုက်တယ်လို့လည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့အတွက် တရုတ်နဲ့ ရုရှားကုမ္ပဏီ စုစုပေါင်း ၈ ခုကို အရေးယူလိုက်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆန့်ကျင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူခဲ့တာလို့လည်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Alan Estevez က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနကတော့ ဒဏ်ခတ် အရေးယူမှုတွေဟာ လူ့အခွင့်အရေး အကြောင်းပြပြီး တရုတ် နည်းပညာကုမ္ပဏီတွေအပေါ် ပြောင်ပြောင်တင်းတင်း ဖိနှိပ်တဲ့လုပ်ရပ်အဖြစ် ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကြေညာချက်မှာတော့ တရုတ်နိုင်ငံအခြေစိုက် Zhejiang Uniview နည်းပညာကုမ္ပဏီဟာ တရုတ်နိုင်ငံအတွင်းက Uyghurs နဲ့ တခြား လူနည်းစုတွေကို စောင့်ကြည့်တာအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နိုင်အောင် နည်းပညာတွေ ရောင်းချခဲ့တယ်လို့ ဖော်ပြထားတာပါ။ နောက်ထပ် အရေးယူခံရတဲ့ ကုမ္ပဏီတခုကတော့ Beijing Zhongdun Security Technology Group ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG