သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရနဲ့ဆက်စပ်နဲ့ လုပ်ငန်းတခုနဲ့လူပုဂ္ဂိုလ်နှစ်ဦး ကန်နဲ့ဗြိတိန်အရေးယူ


(ဝဲမှယာ) ဗြိတိန်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Tim Loughton, Iain Duncan Smith, နဲ့ Stewart McDonald တို့က တရုတ်က သူတို့ကိုပစ်မှတ်ထားပြီး ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း လန်ဒန်မှာ သတင်းစာရှင်းလင်းပွဲ။ (မတ်လ ၂၅၊ ၂၀၂၄)
(ဝဲမှယာ) ဗြိတိန်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Tim Loughton, Iain Duncan Smith, နဲ့ Stewart McDonald တို့က တရုတ်က သူတို့ကိုပစ်မှတ်ထားပြီး ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း လန်ဒန်မှာ သတင်းစာရှင်းလင်းပွဲ။ (မတ်လ ၂၅၊ ၂၀၂၄)

တရုတ်အစိုးရနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီတခုနဲ့လူပုဂ္ဂိုလ်နှစ်ဦးကို အရေးယူဒဏ်ခတ်လိုက်ကြောင်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ တနင်္လာနေ့မှာ ကြေညာပါတယ်။ ဗြိတိန် ရွေးကောက်ပွဲကော်မရှင်နဲ့ အမေရိကန်နဲ့ ဗြိတိန်လွှတ်တော်အမတ်တွေကိုပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ခုလိုအရေးယူလိုက်တာပါ။

အဲဒီဆိုက်ဘာတိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲကော်မရှင်မှာရှိတဲ့ ဗြိတိန်မဲဆန္ဒရှင်သန်းနဲ့ချီတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေပါ ရသွားနိုင်ခြေရှိနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုထားကြတဲ့ လွှတ်တော်အမတ်တွေကို ဆိုက်ဘာ တိုက်ခိုက်မှုလုပ်ခဲ့တဲ့အတွက်လည်း ခုလိုဒဏ်ခတ်ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဆိုက်ဘာတိုက်ခိုက်ခံရပေမယ့် ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကိုတော့ မထိခိုက်ပါဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

သီးခြားဖြစ်ရပ်တခုမှာတော့ တရုတ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ဆိုက်ဘာတိုက်ခိုက်သူ-ဟက်ကာတွေဟာ ၂၀၂၁ ခုနှစ်ကတရုတ်အစိုးရကို ဝေဖန်တဲ့ ဗြိတိန်ပါလီမန်အမတ်တွေကို အွန်လိုင်းကနေ ထောက်လှမ်းခဲ့ဖူးတယ်လို့ ဆိုက်ဘာလုံခြုံရေးအရာရှိတွေက ပြောပါတယ်။

Forum

XS
SM
MD
LG