သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းမ်းမဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူ Donald Trump ကို ရွေးချယ်


တိုင်းမ်းမဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူ Donald Trump
တိုင်းမ်းမဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူ Donald Trump

နှစ်စဥ် ရွေးနေကျ တိုင်းမ်း မဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူအဖြစ် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ကို ရွေးချယ်လိုက်ပါတယ်။

NBC ရုပ်မြင်သံကြားရဲ့ ကြာသပတေးနေ့မနက် တူဒေးရှိုးမှာ တိုင်းမ် အယ်ဒီတာချုပ် Sam Jacobs က ခုလို ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထရမ့်က သတင်းတွေအပေါ် သက်ရောက်မှုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ Jacobs က ပြောပါတယ်။ ထရမ့် ဟာ တိုင်းမဂ္ဂဇင်းရဲ့ ၂၀၁၆ နှစ် တနှစ်တာ အထူးခြားဆုံးလူ လည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် အထူးခြားဆုံးလူအဖြစ် ရွေးချယ်ရာမှာ ဒုတိယသမ္မတ ကင်မ်မလာ ဟဲရစ်စ်၊ X လူမှု စာမျက်နှာပိုင်ရှင် အီလွန် မာ့က်စ်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေသန်ယာဟုနဲ့ ဝေလ မင်းသမီး ကိတ် တို့ကိုပါ စဥ်းစားခဲ့ပြီး နောက်ဆုံး ထရမ့်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းမ်း မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ထရမ့် ပထမဆုံး ဖော်ပြခံရတာကတော့ ၁၉၈၉ မှာ ဖြစ်ပါတယ်။ သူဟာ မျက်နှာဖုံးမှာ အဖော်ပြခံရဆုံးသူ ဖြစ်တယ်လို့ ထရမ့်က လွှဲမှားစွာ ပြောတတ်တယ်လို့လည်း အေပီသတင်းက ဆိုပါတယ်။

သူ့ရဲ့ ဂေါက်ကွင်းတွေမှာ သူ့ရဲ့ပုံနဲ့ မဂ္ဂဇင်း မျက်နှာဖုံးပုံအတုတွေကို ဖန်တီး ချိတ်ဆွဲထားတယ်လို့ ၂၀၁၇ ခုနှစ် ဝါရှင်တန်ပို့စ် သတင်းစာကဆိုကြောင်း အေပီသတင်းက ပြောပါတယ်။

တိုင်းမ်းမဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူ Donald Trump ကို ရွေးချယ်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG