သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတသစ်ကျမ်းသစ္စာဆိုပွဲ တရုတ်သမ္မတကို ဖိတ်ကြားထား


(မှတ်တမ်း ပုံဟောင်း) ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူစဥ်အချိန်က ၂၀၁၉ G20 ထိပ်သီးအစည်းအဝေးမှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်။
(မှတ်တမ်း ပုံဟောင်း) ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူစဥ်အချိန်က ၂၀၁၉ G20 ထိပ်သီးအစည်းအဝေးမှာ တွေ့ရတဲ့ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်။

နှစ်သစ် ဇန္နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှိကျင့်ဖျင်နဲ့ တခြား နိုင်ငံခြား ‌ခေါင်းဆောင်တွေကို အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နိုဝင်ဘာ အစောပိုင်းက ဖိတ်ကြားထားတာဖြစ်ပြီး၊ လက်ခံမခံ မသိရသေးဘူးလို့ ထရမ့်ရဲ့ အကူးအပြောင်းကာလ ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က FOX သတင်းဌာနကို ပြောပါတယ်။

တခြား နိုင်ငံခြားခေါင်းဆောင်တွေရဲ့ အမည်ကိုတော့ သူမက ထုတ်မပြောပါဘူး။ အစဥ်အလာ အားဖြင့်တော့ ဝါရှင်တန်မှာ ရှိနေကြတဲ့ သံအမတ်ကြီးတွေကသာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ကြတာပါ။

ခရစ်တိုငွေကြေးရင်းနှီးမြှုပ်နှံသူတွေ အလားအလာကောင်း မျှော်လင့်
please wait

No media source currently available

0:00 0:03:22 0:00

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၁၈၇၄ ကတည်းက မှတ်တမ်းတွေအရ ဘယ်နိုင်ငံခြား တိုင်းပြည် အကြီးအကဲမှ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်တာ မရှိခဲ့ပါဘူး။

မဟာမိတ်တွေသာ မကဘဲ၊ ရန်ဘက်၊ ပြိုင်ဘက် တိုင်းပြည်တွေက ခေါင်းဆောင်တွေအပါအဝင် တိုင်းပြည် အသီးသီးက ခေါင်းဆောင်တွေနဲ့ စကားပြောဖို့ ဖွင့်ထားတဲ့ သမ္မတ ထရမ့်ရဲ့ ဥပမာတရပ် ဖြစ်ပါတယ်လို့ Karoline Leavitt က ဆိုပါတယ်။

တကယ်လို့ တရုတ် သမ္မတသာ ဝါရှင်တန် လာမယ်ဆိုရင် ကုန်သွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ ထရမ့် ဒုတိယ သမ္မတသက်တမ်းမှာ ပထမဆုံး အခွင့်အလမ်း ဖြစ်သွားမှာပါ။

ကန်သမ္မတသစ်ကျမ်းသစ္စာဆိုပွဲ တရုတ်သမ္မတကို ဖိတ်ကြားထား
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG