သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် သံတမန်နည်းနဲ့ ၂၀၂၅ မှာ အဆုံးသတ်ဖို့ Zelensky လိုလား


ယူကရိန်းသမ္မတ Volodymyr Zelensky
ယူကရိန်းသမ္မတ Volodymyr Zelensky

အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတ တာဝန် ပြန်ထမ်းဆောင်လာချိန်အတွက် ယူကရိန်းနဲ့ ရုရှား ၂ နိုင်ငံစလုံးက ပြင်ဆင်နေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelensky က ရုရှားနဲ့ ဖြစ်ပွါးနေတဲ့စစ်ပွဲကို လာမယ့်နှစ်ထဲမှာ သံတမန်ရေး နည်းလမ်းတွေနဲ့ အဆုံးသတ်ဖို့ သူလိုလားကြောင်း စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

လာမယ့် ၂၀၂၅ ဖေဖေါ်ဝါရီလဆို ယူကရိန်းကို ရုရှားကျူးကျော်တာ ၃ နှစ်ပြည့်ပြီဖြစ်ပြီး အခုမကြာခင်လတွေ အတွင်းမှာလည်း ရုရှားတပ်တွေက လက်နက်နဲ့ တပ်သား အင်အားသာတဲ့ ယူကရိန်းရဲ့ ပိုင်နက်ထဲမှာ မြို့ရွာတွေထပ်ပြီး သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ယူကရိန်းကို အမေရိကန်က စစ်ရေး အကူညီပေးနေတာအတွက် အရွေးကောက်ခံသမ္မတ ထရမ့်က ဝေဖန်ခဲ့တာကြောင့် ရှေ့နှစ်ထဲ ထရမ့်သမ္မတ ဖြစ်လာချိန်မှာ ယူကရိန်းစစ်ပွဲ အလားအလာအတွက် မေးခွန်းထုတ်စရာ ဖြစ်လာနေတာပါ။

ဂါဇာ၊ ယူကရိန်းအရေး အာရုံစိုက်လာနိုင်တဲ့ ထရမ့်နိုင်ငံခြားရေးမူဝါဒ
please wait

No media source currently available

0:00 0:03:06 0:00


တချိန်ထဲမှာပဲ ရုရှားမဟာမိတ် မြောက်ကိုရီးယားက ဒီစစ်ပွဲမှာ ရုရှားပိုင်နက် Kursk ဒေသထဲ ရောက်နေတဲ့ ယူကရိန်းတွေကို တိုက်ထုတ်ပြီး ရုရှားကိုကူညီဖို့ တပ်သားထောင်နဲ့ချီ စေလွှတ်ထားတယ်လို့ အနောက်မဟာမိတ်တွေက ပြောပါတယ်။

ယူကရိန်းသမ္မတက အမေရိကန်မှာ ထရမ့် သမ္မတတာဝန် ပြန်ယူလာချိန်မှာ ဒီစစ်ပွဲဟာ အမြန်ပြီးသွားနိုင်တယ်လို့ ပြောခဲ့ပြီး နောက်တနေ့မှာပဲ အခုလို စစ်ပွဲအဆုံးသတ်ဖို့ လိုလားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ကလည်း အနောက်နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ ၂ နှစ်လောက် အဆက်အသွယ်မလုပ်တဲ့ ရုရှားသမ္မတ Vladimir Putin ကို ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ယူကရိန်းသမ္မတ ကန့်ကွက်တဲ့ကြားကပဲ ပထမဆုံး တယ်လီဖုံးဆက်သွယ် ပြောကြားခဲ့တာပါ။

စနေနေ့မှာတော့ ယူကရိန်း သမ္မတက ရှေ့လာမယ့်နှစ်ထဲ ဒီစစ်ပွဲ အဆုံးသတ်ဖို့ သူ့ဘက်က တတ်နိုင်သမျှ လုပ်ဆောင်မှာ ဖြစ်ကြောင်းနဲ့ ဒီလို အဆုံးသတ်ဖို့ သံတမန်ရေး နည်းလမ်းတွေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး ဒါဟာ သိပ်ကို အရေးကြီးကြောင်း ယူကရိန်းအသံလွှင့်ဌာန မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းစစ် သံတမန်နည်းနဲ့ ၂၀၂၅ မှာ အဆုံးသတ်ဖို့ Zelensky လိုလား
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG