သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်အဆုံးသတ်ရေး ထရမ့်အဆိုပြုချက် နားထောင်ကြည့်မည် (ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး)


မှတ်တမ်း ဓာတ်ပုံ - ဇူလိုင် ၁၆၊ ၂၀၁၈ ခုနှစ် တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (ဝဲ) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို ဟယ်စင်ကီမြို့ရှိ သမ္မတအိမ်တော် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ မတက်ရောက်ခင် လက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့ မြင်ကွင်း။ ဓာတ်ပုံ - Yuri KADOBNOV / AFP
မှတ်တမ်း ဓာတ်ပုံ - ဇူလိုင် ၁၆၊ ၂၀၁၈ ခုနှစ် တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (ဝဲ) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို ဟယ်စင်ကီမြို့ရှိ သမ္မတအိမ်တော် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ မတက်ရောက်ခင် လက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့ မြင်ကွင်း။ ဓာတ်ပုံ - Yuri KADOBNOV / AFP

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဆီက အဆိုပြုချက်ကို ရုရှားအစိုးရက နားထောင်ကြည့်မှာ ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောပါတယ်။

အမေရိကန်မှာ ခေါင်းဆောင်ပြောင်းလဲသွားတဲ့ နောက်မှာလည်း ယူကရိန်းကို ကူညီမှာ ဖြစ်ကြောင်း Kyiv ကိုရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကပြောကြာခဲ့သလို၊ ယူကရိန်းဆိပ်ကမ်းမြို့ Odessa မှာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု ကြောင့် တဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရချိန်မှာ အခုလို ပြောတာဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ကြား ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး သီးသန့်လမ်းကြောင်းကနေ အပြန်အလှန် ပြောဆိုမှု ရှိတယ်လို့ ဒုနိုင်ငံခြားရေးဝန်ကြီး Ryabkov က ပြောပါတယ်။ ဒါပေမယ့် ဒီလိုဆက်သွယ် တဲ့ လမ်းကြောင်းဟာ လက်ရှိအမေရိကန်အစိုးရ အဖွဲ့နဲ့လား နောက်တက်လာတော့မယ့် ထရမ့်အစိုးရ အဖွဲ့နဲ့လား ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ ထရမ့်ဘက်က ယူကရိန်းဆိုင်ရာ အဆိုပြုချက်တွေ ကမ်းလှမ်းလာရင် နားထောင်ကြည့်ဖို့ အသင့်ပဲလို့ ပြောကြားခဲ့သလို ဒီဒေသအတွက် ဘယ်လိုဆက်လုပ်ဖို့သင့်တယ် ဆိုတာမျိုးပဲ ဖြစ်သင့်သလို ယူကရိန်း အစိုးရအတွက် အကူအညီမျိုးစုံ ထပ်ပေးပြီး မြှောက်ပေးတာမျိုး မဖြစ်သင့်ဘူးလို့လည်း ဒုနိုင်ငံခြားရေးဝန်ကြီးက ရုရှား Interfax သတင်းဌာနရဲ့ စနေနေ့ မေးမြန်းခန်းမှာ ပြောပါတယ်။

တချိန်တည်းမှာပဲ အိုဒက်ဆာမှာ ရုရှား ဒရုန်းကျရောက်ပေါက်ကွဲခဲ့သလို ယူကရိန်း ဒေသ ၁၀ ခု ကျော်ကို ရုရှားက ဒရုန်း ၃၂ စင်း ပစ်ခတ်ခဲ့တယ် လို့ ယူကရိန်း လေတပ်က ပြောပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီး ဌာနကလည်း ယူကရိန်းဘက်က ပစ်ခတ်တဲ့ ဒရုန်း ၅၀ ကို ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG