သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဘိုင်ဒန် တွေ့ဆုံမည်


This combo image shows President Joe Biden, left, and President-elect Donald Trump, right. (AP Photo/Susan Walsh, left; Alex Brandon, right)
ဓာတ်ပုံ - AP / Susan Walsh (ဝဲ)၊ Alex Brandon (ယာ)

နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ  ရီပတ်ဘလစ်ကင်ပါတီက အပြတ်အသတ် အနိုင်ရခဲ့တဲ့နောက် စနစ်တကျ အာဏာလွှဲပြောင်း ပေးမယ်လို့ ကတိပြုထားတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတဂျိုးဘိုင်ဒန်ဟာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက စနေနေ့မှာ ပြောပါတယ်။

သမ္မတဟောင်း ထရမ့်ကို ဇန်နဝါရီလမှာ အာဏာပြန်လွှဲပေး ရတော့မှာ ဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၁ နာရီမှာ သမ္မတဘိုင်ဒန်နဲ့ ထရမ့်တို့ သမ္မတအိမ်ဖြူ ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ထရမ့်ရဲ့ သဘောထားကွဲစေတဲ့ လုပ်ရပ်တွေနဲ့ ဆယ်နှစ်ကျော်လောက် ယဉ်ပါးနေပြီဖြစ်တဲ့ အမေရိကန် နိုင်ငံရေးမှာ အခုရွေးကောက်ပွဲကနေ ထရမ့်က သမ္မတအဖြစ် ပြန်ဝင်လာတော့မှာဖြစ်ပါတယ်။ သူသမ္မတ တာဝန်ထမ်းဆောင်နေချိန်မှာ စွဲချက်တင်တာ ၂ ကြိမ်ခံခဲ့ရတဲ့ အပြင် ရာဇဝတ်မှုနဲ့ပါ စွဲချက်အတင်ခံခဲ့ ရတဲ့ကြားကပဲ အခု ရွေးကောက်ပွဲမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ဟာ အရင်ရွေးကောက်ပွဲတွေထက် ပိုပြီး မဲအများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။

ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကိုဗစ်ကာလအလွန် ဘိုင်ဒန်လက်ထက်မှာ ထိုးတက်သွားတဲ့ ငွေဖောင်းပွမှုနှုန်းနဲ့ စီးပွားရေးဟာ မဲဆန္ဒရှင်တွေရဲ့ ထိပ်တန်းစိုးရိမ်မှု ဖြစ်နေတာပါ။

ဇူလိုင်လထဲမှာ ရွေးကောက်ပွဲကို ဆက်မယှဉ်ပြိုင်တော့တဲ့ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘိုင်ဒန်က ရွေးကောက်ပွဲ အနိုင်ရ ထရမ့်ကို သူ့အောင်နိုင်မှုအတွက် ချီးကြူးဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဘိုင်ဒန် တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG