သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာလွှဲပြောင်းရေး ချောမွေ့စေရမည်ဟု သမ္မတဘိုင်ဒန် အာမခံပြောဆို

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။

ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် သူ့အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

“ မနေ့တုန်းက ရွေးချယ်ခံ သမ္မတ Trump ကို သူအနိုင်ရမှုအတွက် ဂုဏ်ပြုကြောင်း လှမ်းပြောခဲ့ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစီအစဉ်တကျ အာဏာ လွှဲပြောင်းရေးဖြစ်အောင် ကျနော့်အစိုးရတဖွဲ့လုံးကို ညွှန်ကြားထားပါတယ်။”

ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့လည်း ပြောပါတယ်။

Trump ရဲ့ မူဝါဒနဲ့ ရှေ့ လုပ်ဆောင်နိုင်ခြေ အလားအလာ
please wait

No media source currently available

0:00 0:03:33 0:00

သမ္မတ တဦးရဲ့ တာဝန်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဆောင်ရွက်ပါမယ်လို့ ပြောပြီး၊ လာမယ့်နှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှု ဖြစ်ရပါမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောသွားပါတယ်။

ဒီအချိန်မှာ တချို့တွေအတွက် အောင်မြင်မှု ဖြစ်လိမ့်မယ်၊ ကျန်သူတွေအတွက် ဆုံးရှုံးမှု ဖြစ်လိမ့်မယ်။ ဒါပေမဲ့ တိုင်းပြည်က ရွေးချယ်မှုကို လက်ခံရမှာဖြစ်တယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

ဘယ်သူ့ကိုပဲ မဲပေးခဲ့ ပေးခဲ့၊ အမေရိကန်ပြည်သူတွေအနေနဲ့ တဦးနဲ့တဦး ရန်ဖက်အဖြစ် မမြင်ပဲ၊ တင်းမာမှုတွေ ပြန်လျှော့ချဖို့ကိုလည်း သမ္မတ ဘိုင်ဒန်က သတိပေးပြောခဲ့ပါတယ်။ သမ္မတဘိုင်ဒန်ဟာ ဒုသမ္မတ ကင်မလာ ဟဲရစ်ကိုလည်း မဲဆွယ်စည်းရုံးရေးအတွင်း စွမ်းဆောင်နိုင်ခဲ့တာတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG