သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးချယ်ခံသမ္မတ Trump အစိုးရသစ်ဖွဲ့ဖို့ အမြန်ပြင်ဆင်


ရွေးကောက်ပွဲနေ့ နောက်တရက်မနက် နိုဝင်ဘာ(၆)ရက်နေ့မှာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကို မဲပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ဖလော်ရီဒါပြည်နယ် West Palm Beach စင်တာကနေ မိန့်ခွန်းပြောနေစဥ်။
ရွေးကောက်ပွဲနေ့ နောက်တရက်မနက် နိုဝင်ဘာ(၆)ရက်နေ့မှာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကို မဲပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ဖလော်ရီဒါပြည်နယ် West Palm Beach စင်တာကနေ မိန့်ခွန်းပြောနေစဥ်။

အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ရာထူးတွေအတွက် ခန့်အပ်မယ့်သူတွေကို အမြန်ရွေးချယ်ဖို့ လုပ်နေသလို၊ သူ ဘယ်သူတွေကို ရွေးထားတယ်ဆိုတာကို ရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်လာနိုင်ခြေ ရှိနေပါတယ်။

အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ဒုသမ္မတ ကာမလာဟဲရစ်ကို ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့နောက် သူ့အစိုးရအဖွဲ့မှာ ဘယ်သူကို ရွေးချယ်ရမယ်ဆိုတာကို ထရမ့်က သူ့လက်ထောက်တွေနဲ့ ဖလော်ရီဒါက သူ့ရဲ့ Mar-a-Lago အပန်းဖြေစခန်းမှာ ဆန်းစစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကလည်း သူ့ရဲ့ သမ္မတအပြောင်းအလဲဆိုင်ရာ တာဝန်ခံတွေဖြစ်တဲ့ Howard Lutnick နဲ့ Linda McMahon တို့က အစိုးရအဖွဲ့ထဲ ကြီးလေးတဲ့တာဝန် ပေးသင့်တဲ့သူတွေ၊ အရေးပါတဲ့ ဌာနတွေအတွက် အကြီးအကဲ ဖြစ်သင့်သူတချို့ကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


ထရမ့်ရဲ့ လက်ထောက်တွေကလည်း လာမယ့် ဇန်နဝါရီ ၂၀ ၊ သူ သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ရမယ့် အချိန်ကျရင် သမ္မတ ဂျိုးဘိုင်ဒန် ၄ နှစ်တာ ကာလအတွင်း ပြဌာန်းထားတဲ့ မူဝါဒတွေ အဆုံးသတ်စေဖို့ ထုတ်ပြန်သင့်တဲ့ သမ္မတအမိန့်တွေ၊ ဥပဒေဆိုင်ရာ ပြောင်းလဲရမှာတွေကို သူလက်မှတ်ထိုးဖို့ ပြင်ဆင်နေကြတာပါ။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ထရမ့်ကို အနိုင်ရခဲ့တဲ့ သမ္မတ ဘိုင်ဒန်က အခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ထရမ့်ကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။ သမ္မတ ဘိုင်ဒန်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ အရွေးချယ်ခံ သမ္မတ ထရမ့်ကို သမ္မတအိမ်ဖြူတော်ကို ဖိတ်ကြားဖို့ရှိသလို ဗုဒ္ဓဟူးနေ့ကလည်း သူအရွေးခံရတာအတွက် ဝမ်းမြောက်ကြောင်း ဆက်သွယ်ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG