အင်္ဂါနေ့ အမေရိကန် ရွေးကောက်ပွဲကနေ ရီပတ်ဘလစ်ကင်ပါတီက အထက်လွှတ်တော် အမတ်နေရာ ၁၀၀ မှာ အနည်းဆုံး ၅၁ နေရာ ရပြီး အထက်လွှတ်တော်ကို ဆက်လက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
အောက်လွှတ်တော်က အမတ်နေရာ ၄၃၅ နေရာအတွက် လာမယ့် ၂ နှစ်သက်တမ်း မှာ ဘယ်သူရမယ်ဆိုတာတော့ မဲတွေ ရေတွက်ဆဲမို့ အဖြေ မထွက်သေးပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်က အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေ ထိန်းချုပ်ထားသလို ဒီမိုကရက်တွေ က အောက်လွှတ်တော်ကို ထိန်းချုပ်ထားတာပါ။
အနောက်ဗာဂျီးနီးယားနဲ့ Ohio ပြည်နယ်တွေမှာ အထက်လွှတ်တော် အမတ်နေရာအတွက် ရီပတ်ဘလစ်ကင် အနိုင်ရလိုက်တာကြောင့် အထက်လွှတ်တော် အမတ်အများစုနေရာကို ရီပတ်ဘလစ်ကင်က ပြန်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေက အမတ်နေရာ ၂၂၀ ထက်ပိုမှ အနိုင်ရမှာ ဖြစ်ပြီး ခုချိန်ထိတော့ အမတ်နေရာ ၂၁၂ နေရာ ရထားပြီး ဖြစ်သလို လစ်လပ်ပြည်နယ် ၃ ခုမှာ အောက်လွှတ်တော်အမတ်နေရာ အတွက် ယှဉ်ပြိုင်နေကြဆဲ ဖြစ်ပါတယ်။
အောက်လွှတ်တော်မှာ ဘယ်ပါတီက ထိန်းချုပ်နိုင်မယ် ဆိုတာ သိရဖို့ ရက်အတော်ကြာ စောင့်ရအုံးမှာ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ပြုလုပ်တဲ့ ရိုက်တာသတင်းနဲ့ Ipsos စစ်တမ်းတွေအရ မဲပေးဖို့ရှိသူ ၄၃ % လောက်က သူတို့ဒေသတွေထဲမှာ ရီပတ်ဘလစ်ကင် ပါတီဝင်တွေကို မဲပေးမှာ ဖြစ်သလို ဒီမိုကရက်တွေကို မဲပေးမယ့် သူကလည်း ၄၃ % ရှိပြီး တူနေတာ တွေ့ရပါတယ်။
Forum