သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံသမ္မတထရမ့် အနိုင်ရကြောင်း လွှတ်တော်မှာ ဒီကနေ့ အတည်ပြုမည်


ရွေးကောက်ပွဲအနိုင်ရထားသူ သမ္မတဟောင်း ဒေါ်နယ်ထရမ့်
ရွေးကောက်ပွဲအနိုင်ရထားသူ သမ္မတဟောင်း ဒေါ်နယ်ထရမ့်

နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ Donald Trump က ပြိုင်ဘက် ဒုသမ္မတ Kamala Harris ကို အနိုင်ရခဲ့တယ်ဆိုတာကို အမေရိကန်လွှတ်တော်က ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ အတည်ပြုပေးမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်အတွင်းက ပြည်နယ် ၅၀ စလုံးမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေ ရေတွက်အတည်ပြုတဲ့အစီအစဉ်ကို ဒုသမ္မတကပဲ ကမကထပြုဆောင်ရွက်ပေးရတဲ့အတွက် Kamala Harris ဟာ သူရဲ့ ရှုံးနိမ့်မှုကို ကိုယ်တိုင် ဆုံးဖြတ်ပေးရသူဖြစ်နေတာပါ။

အခုလို ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပေးခြင်းဟာ သာမန်အားဖြင့်လုပ်ရိုးလုပ်စဉ်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်တုန်းက သမ္မတဟောင်း Trump ကို ထောက်ခံသူတွေက သူတို့ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ တာကို လက်မခံဘဲ လွှတ်တော် အဆောက်အဦးကိုဝင်စီးကြရာက ရဲတပ်ဖွဲ့ဝင် ၁၄၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး လွှတ်တော်အတွင်း အပြင်ကိုလည်း ရိုက်နှက် ဖျက်ဆီးခဲ့ကြပါတယ်။ ဒီတကြိမ်မှာတော့ ဒုသမ္မတ Harris ကိုယ်တိုင်က သူ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း တရားဝင် ဝန်ခံထားပြီးဖြစ်သလို သမ္မတ Joe Biden ကလည်း ငြိမ်းချမ်းစွာ အာဏာလွဲပြောင်းဖို့ အရေးကြီးတယ် ဆိုတာကို မီးမောင်းထိုး ပြောဆိုထားတဲ့အတွက် ဒီကနေ့ ပြုလုပ်မယ့် အစီအစဉ်ကတော့ လွန်ခဲ့တဲ့ ၄ နှစ်မှာ ဖြစ်ခဲ့တဲ့ပုံစံမျိုး ထပ်ဖြစ်ဖို့ အလားအလာ မရှိပါဘူး။

ဒါပေမယ့် အာဏာပိုင်တွေကတော့ လိုရမယ်ရ ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ လွှတ်တော်ပတ်လည်မှာ ယာယီခြံစည်းရိုးအမြင့်ကြီးတွေ တပ်ဆင်ထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကတော့ အမေရိကန်သမိုင်းမှာ အခက်ခဲ အကြမ်းတမ်းဆုံးအချိန်ဖြစ်တယ်လို့ သမ္မတ Biden က မနေ့ တနင်္ဂနွေနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတထရမ့် အနိုင်ရကြောင်း လွှတ်တော်မှာ ဒီကနေ့ အတည်ပြုမည်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG