သမ္မတတာဝန်ပြန်လည်ထမ်းဆောင်တော့မယ့် ဒေါ်နယ်ထရမ့်
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ ရှေ့တပတ် တနင်္လာနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတ အဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာပါ။ ကွဲလွဲမှုတွေ ပိုများလာတဲ့ တိုင်းပြည်မှာ ပြီးခဲ့တဲ့ ၉ နှစ်တာကာလ တလျှောက် ရီပတ်ဘလစ်ကန်ပါတီတွင်း အပြောင်းအလဲတွေ ဖြစ်စေခဲ့သူတဦး သမိုင်းဝင် အာဏာပြန်ရတာလည်း ဖြစ်ပါတယ်။ သမ္မတဟောင်း တဦးဖြစ်တဲ့ Trump ရဲ့ နောက်တကြိမ် သမ္မတ တာဝန်တွေ ပြန်လည် ထမ်းဆောင်တော့မှာနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Tina Trinh ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
Forum