သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟားမတ်စ် အပစ်ရပ်သဘောတူညီချက် ဆက်လက်တည်တံ့


ဂါဇာမြောက်ပိုင်း အပျက်အစီးများအကြား ထိုင်ခုံမှာထိုင်နေသူတဦး (ဇန်နဝါရီ ၂၀၊ ၂၀၂၅)
ဂါဇာမြောက်ပိုင်း အပျက်အစီးများအကြား ထိုင်ခုံမှာထိုင်နေသူတဦး (ဇန်နဝါရီ ၂၀၊ ၂၀၂၅)

အစ္စရေးနဲ့ ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဆက်လက် တည်တံ့နေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စခဲ့တဲ့စစ်ပွဲ အဆုံးသတ်နိုင်ရေး ပထမအဆင့်အဖြစ် သီတင်း ၆ ပတ်ကြာ အပစ်အခတ် ရပ်စဲဖို့ ၂ ဖက် သဘောတူထားကြတာပါ။

လတ်တလောအချိန်အထိ ဟားမတ်စ်တွေ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓားစာခံ ၉၉ ယောက်ထဲက ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး သဘောတူညီချက် ပထမအဆင့်အရ ဓားစာခံနောက်ထပ် ၃၀ လွှတ်ပေးရမှာပါ။ အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို ပြန်လွှတ်ပေးပြီး၊ အားလုံးဟာ အမျိုးသမီးနဲ့ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်တယ်လို့လည်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။

သဘောတူညီချက်အရ အစ္စရေးက နောက်ထပ် အကျဉ်းသား ရာနဲ့ချီ ပြန်လွှတ်ပေးရမှာပါ။ တချိန်တည်းမှာပဲ ဂါဇာဒေသမှာ အပူတပြင်း လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကိုလည်း ကုလသမဂ္ဂက တိုးမြှင့်ပေးအပ်နေပါတယ်။ တိုက်ပွဲတွေကြား ဒုက္ခရောက်ကြရတဲ့ ပါလက်စတိုင်း အရပ်သားတွေအတွက် စာနးပ်ရိက္ခာ အကူအညီအဖြစ် နေ့စဉ် ထရပ်ကား ၁၅၀ နဲ့ ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ဂါဇာဒေသက ယာယီခိုလှုံရာ စခန်းတွေမှာ အရေးပေါ် အကူအညီ လိုအပ်နေသူ ၁.၈ သန်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်အဆောက်အဦးတွေ ပြန်လည်ထူထောင်ရေး ၂၀၄၀ ပြည့်နှစ်လောက်မှ အပြီးသတ်နိုင်လိမ့်မယ်လို့လည်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် အပစ်ရပ်သဘောတူညီချက် ဆက်လက်တည်တံ့
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG