သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ဟားမတ် အပစ်ရပ်သဘောတူညီချက်ရရှိ

အပစ်ရပ်ရေး သဘောတူညီချက်ရရှိကြောင်း သတင်းကြားရပြီးနောက် ဂါဇာဒေသခံများ ပျော်ရွှင်နေကြစဉ် (ဇန်နဝါရီ ၁၅၊ ၂၀၂၅)
အပစ်ရပ်ရေး သဘောတူညီချက်ရရှိကြောင်း သတင်းကြားရပြီးနောက် ဂါဇာဒေသခံများ ပျော်ရွှင်နေကြစဉ် (ဇန်နဝါရီ ၁၅၊ ၂၀၂၅)

ဟားမတ်နဲ့ အစ္စရေးလ်ကြား အပစ်ရပ်ရေး သဘောတူညီချက် ရရှိသွားပြီး ဒီသဘောတူညီချက် အရ စစ်သွေးကြွ အဖွဲ့က တနှစ်ကျော်ကြာ ဖမ်းထားတဲ့ ဓားစာခံ တချို့ ပြန်လွတ်လာစေမှာ ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းသူတွေနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ရွေးကောက်ခံ သမ္မတ Donald Trump က နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အမည်တင်သွင်းထားသူ အထက်လွှတ်တော် အမတ် Marco Rubio ကို အထက်လွှတ်တော်မှာ ကြားနာမှု အတွင်း အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အကြီးအကဲ အထက်လွှတ်တော် အမတ် Jim Risch က ဒီသတင်းကို ပြောခဲ့တာပါ။ ဒါပေမဲ့ သတိထားဖို့လည်း အထက်လွှတ်တော် အမတ် Risch က ပြောပါတယ်။ ဒီသဘောတူညီချက်ကို အောင်ပွဲမခံခင်မှာ ဒီသဘောတူညီချက်ကို ဘယ်လို အကောင်အထည်ဖော်သလဲဆိုတာကို တွေ့မြင်လိုတယ်လို့လည်း သူက ပြောပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက် သတင်းကိုတော့ ပါတီကြီး ၂ ရပ်လုံးက ကြိုဆိုကြပါတယ်။ ကော်နက်တီးကပ် ပြည်နယ် ဒီမိုကရက် အထက်လွှတ်တော် အမတ် Chris Murphy က ဒါက သတင်းကောင်းပါလို့ အထက်လွှတ်တော် အမတ် Risch ကို ပြောဆိုခဲ့ပါတယ်။ အပစ်ရပ်ရေး အဆိုပြုချက်ရဲ့ သတ်မှတ်ချက်တွေကိုတော့ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှာ ဖြစ်ပြီး ဓားစားခံ တချို့ ပြနလွတ်လာမယ်လို့ အမေရိကန် တာဝန်ရှိသူ ၃ ဦးက AP သတင်းအေဂျင်စီကို အတည်ပြုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ အတွင်း ဟားမတ်တို့ အစ္စရေးလ်ကို တိုက်ခိုက်ခဲ့ချိန်ကစလို့ ဖမ်းထားတဲ့ ဓားစားခံ တချို့ကို ဟားမတ်တို့က ပြန်လွှတ်ပေးမှာ ဖြစ်ပြီး အစ္စရေးလ် အာဏာပိုင်တို့ကလည်း ပါလက်စတိုင်း အကျဉ်းသား တချို့ကို လွှတ်ပေးမှာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG