သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲ ပါလက်စတိုင်း ၄၆၀၀၀ ကျော် သေဆုံး

ဂါဇာအလယ်ပိုင်း Nuseirat မြို့က အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံခဲ့ရသူများ၊ ဇန် ၉၊ ၂၀၂၅
ဂါဇာအလယ်ပိုင်း Nuseirat မြို့က အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံခဲ့ရသူများ၊ ဇန် ၉၊ ၂၀၂၅

အစ္စရေး- ဟားမတ်စ် တိုက်ပွဲကြောင့် ကြာသပတေးနေ့က လူ ၇၀ ထပ်ပြီး သေဆုံးခဲ့ရတဲ့အတွက် အခုဆို ၂၀၂၃ အောက်တိုဘာ စစ်ပွဲစတင်ချိန်ကစပြီး ပါလက်စတိုင်းသေဆုံးရသူဟာ ၄၆၀၀၀ ကျော်သွားပြီလို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒဏ်ရာရသူကလည်း ၁ သိန်း ကျော်နေပြီလို့ ဝန်ကြီးဌာနက ပြောပေမယ့် အရပ်သား ဘယ်နှစ်ယောက် ပါတယ်ဆိုတာ ခွဲမပြောခဲ့ပါဘူး။ ဒါပေမယ့် သေဆုံး ဒဏ်ရာရသူ ထက်ဝက်ကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၄ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အတွက် လူပေါင်း ၁၂၀၀ သေဆုံးခဲ့ပြီး ဓါးစာခံ ၂၅၀ လောက်ကိုပါ ဖမ်းသွားတဲ့နောက် ဂါဇာစစ်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ဓါးစားခံ ၁၀၀ လောက်ကို ခုထိ ပြန်မလွတ်သေးပါဘူး။ ဒီအထဲက သုံးပုံ တပုံလောက် သေဆုံးသွားပြီလို့ ခန့်မှန်းရပါတယ်။

ညှိနှိုင်းမှုတွေကနေ ဓါးစာခံပြန်လွတ်မြောက်ရေး သိပ်နီးလာနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ ဒါ့အပြင် သမ္မတဂျိုးဘိုင်ဒန် သမ္မတသက်တမ်းကုန်မယ့် ဇန်နဝါရီ ၂၀ မတိုင်ခင် သဘောတူညီချက် ရမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ တကယ်လို့ မရခဲ့ရင် ဓါးစာခံပြန်လွတ်ရေး သဘောတူညီချက်ရဖို့ သမ္မတဘိုင်ဒန်လုပ်ဆောင်နေတာတွေကို နောက်တက်လာမယ့် အစိုးရသစ်အဖွဲ့ကို လွှဲပေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဂါဇာစစ်ပွဲ ပါလက်စတိုင်း ၄၆၀၀၀ ကျော် သေဆုံး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG