သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ အစ္စရေးလေကြောင်းတိုက်ခိုက်မှု ၁၈ ဦးထက်မနည်း သေဆုံး


ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ Deir el-Balah မှာ အစ္စရေး တိုက်ခိုက်မှု အပြီး အဆောက်အအုံတွေ ပျက်စီးနေတဲ့ မြင်ကွင်း။ ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - AFP
ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ Deir el-Balah မှာ အစ္စရေး တိုက်ခိုက်မှု အပြီး အဆောက်အအုံတွေ ပျက်စီးနေတဲ့ မြင်ကွင်း။ ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - AFP

ဂါဇာမှာ စနေနေ့က အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ အစ္စရေးကတော့ ခိုလုံရေးစခန်းတွေနဲ့ သိုလှောင်ရုံတွေမှာ နေရာယူ တိုက်ခိုက်နေတဲ့ သေနတ်သမားတွေကို ပစ်မှတ်ထား ချေမှုန်းတာလို့ ပြောပါတယ်။

ဂါဇာကမ်းမြောင် အလယ်ပိုင်း Deir Al-Balah မြို့က အဆောက်အအုံတခုအနီး စားနပ်ရိက္ခာ အကူအညီရဖို့ လူတွေ စုဝေး စောင့်နေကြတဲ့အချိန် လေကြောင်းက တိုက်ခိုက်တာမှာ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို လူနဲ့ ထမ်းခေါ်သူခေါ်၊ ဆိုက်ကား၊ ကိုယ်ပိုင်ကားတွေနဲ့ တင်ပြီး ဆေးရုံကို ပို့တာတွေ လုပ်ခဲ့ရတယ်လို့ လည်း ဆေးဝန်ထမ်းတွေက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ဂါဇာအလယ်ပိုင်း ဟာမက်စ် အုပ်ချုပ်ရေး ကော်မတီ အကြီးအကဲ သေဆုံးသွားတဲ့အကြောင်း ဟာမက်စ်သတင်းရင်းမြစ်တခုက ပြောပါတယ်။ ဒီသတင်းကို စုံစမ်း စိစစ်နေတဲ့အကြောင်း အစ္စရေး စစ်ဘက် ပြောခွင့်ရက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမတိုင်ခင် အစောပိုင်းမှာတော့ အကူအညီပေးရေး ပစ္စည်းတွေ သိုလောင်ထားတဲ့ ဂိုထောင်တခု အနီးကနေ အစ္စရေးကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီးတဲ့နောက် အဲ့ဒီနေရာကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။

တချိန်တည်းမှာပဲ ဂါဇာစီးတီးမှာရှိတဲ့ ဒုက္ခသည် ခိုလုံရေး စခန်းဟောင်း တခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီမှာရှိနေတဲ့ ဟာမက်စ် လက်နက်ကိုင်တွေကို ပစ်မှတ်ထားတာလို့ အစ္စရေးက ပြောပေမဲ့၊ တိုက်ခိုက်မှုအတွင်း အမျိုးသမီးတဦးနဲ့ သူ့ရဲ့ ကလေးငယ် အပါအဝင် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ဆေးဝန်ထမ်းတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ လက်နက်ကိုင်တွေ ပါသလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစ္စရေး စစ်တပ်ကတော့ သူတို့အနေနဲ့ အရပ်သား ထိခိုက်မှုနည်းအောင် ထိန်းသိမ်း ဆောင်ရွက်နေတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG