သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး တိုက်ခိုက်မှု ဂါဇာမှာ ၁၅ ဦးထက်မနည်းသေဆုံး


ဂါဇာကမ်းမြောင်တောင်ပိုင်း၊ Khan Younis မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း ဈာပန မြင်ကွင်း။ (ဓာတ်ပုံ – AP Photo / Abdel Kareem Hana)
ဂါဇာကမ်းမြောင်တောင်ပိုင်း၊ Khan Younis မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း ဈာပန မြင်ကွင်း။ (ဓာတ်ပုံ – AP Photo / Abdel Kareem Hana)

ကာတာမှာ ဂါဇာစစ်ပွဲ အပစ်ရပ်ဆွေးနွေးပွဲတွေ အတွက် ထပ်ပြီးကြိုးပမ်းနေချိန်မှာပဲ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ရတယ် လို့ ဂါဇာတောင်ပိုင်း ဆေးရုံတာဝန်ခံက ပြောပါတယ်။

စနေမနက်ခင်း လေကြောင်း တိုက်ခိုက်မှု ၃ ခု ကြောင့် Khan Younis မြို့ မှာ နေအိမ်တွေ ကားတွေနဲ့ လူတွေကို ထိမှန်ခဲ့ကြောင်းနဲ့ ၂၄ နာရီအတွင်း လူပေါင်း ၅၉ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာမြို့က ဆာရာယာ ဝင်းကို ထိမှန်တဲ့အတွက် ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေး စစ်တပ်က တစုံတရာ မထုတ်ပြန်သေးပါဘူး။

တချိန်ထဲမှာပဲ ဂါဇာမှာ ၁၅ လ ကြာနေပြီဖြစ်တဲ့ အစ္စရေး- ဟားမတ်စ် စစ်ပွဲ အပစ်ရပ်ရေး အတွက် Qatar မှာ ကြိုးပမ်းနေပါတယ်။

အမေရိကန် - ကာတာနဲ့ အီဂျစ်တို့ ပါဝင်တဲ့ ဂါဇာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ထပ်တလဲလဲ ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပြီး အခု နောက်ဆုံး ကြိုးပမ်းချက် နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဟားမတ်စ်တွေကို အပြီးတိုင် ခြေမှုန်းမှာ ဖြစ်ကြောင်းနဲ့ ဟားမတ်စ်တွေ ဂါဇာမှာ လုံးဝ မရှိတော့မှ အစ္စရေး တပ်တွေ ရုပ်သိမ်းမှာ ဖြစ်ကြောင်း ပြောကြားနေတာပါ။

အစ္စရေး တိုက်ခိုက်မှု ဂါဇာမှာ ၁၅ ဦးထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG