သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ် အပစ်ရပ်စဲရေးမရသေးတဲ့အပေါ် အပြန်အလှန်ပြစ်တင်


ဂါဇာဒေသမှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (စက်တင်ဘာ ၁၃၊ ၂၀၂၄)
ဂါဇာဒေသမှာတွေ့ရတဲ့ အစ္စရေးစစ်သားများ (စက်တင်ဘာ ၁၃၊ ၂၀၂၄)

အပစ်အခတ်ရပ်စဲရေး အားထုတ်မှုတွေ ရှုပ်ထွေးအောင် လုပ်နေတယ်လို့ အစ္စရေး နဲ့ ဟာမတ်စ်တို့ က ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန် စွပ်စွဲလိုက်ကြပါတယ်။ ၁၄ လကြာ ဂါဇာစစ်ပွဲ ရပ်နိုင်အောင် သဘောတူညီချက်ရဖို့ တိုးတက်မှုတွေ ရှိနေတယ်လို့ နှစ်ဘက်လုံးက ပြောခဲ့ကြပေမဲ့ အခု အပြန်အလှန် စွပ်စွဲလိုက်ကြတာ ဖြစ်ပါတယ်။

ဂါဇာကနေ အစ္စရေး တပ်တွေ ရုပ်သိမ်းရေး နဲ့ အစ္စရေး ဖမ်းထားတဲ့ ပါလက်စတိုင်း အကျဥ်းသားတွေနဲ့ ဟာမတ်စ် ဖမ်းထားတဲ့ ဓားစာခံ လဲလှယ်ရေး ကိစ္စတွေက ခက်နေတုန်း ဖြစ်တယ်လို့ ဆွေးနွေးပွဲနဲ့ ပတ်သက်နေသူတွေက ပြောပါတယ်။ ဂါဇာက အစ္စရေး တပ်ရုပ်သိမ်းရေး၊ အကျဥ်းသား ကိစ္စနဲ့ အိုးအိမ်စွန့်ခွါရသူများ နေရပ်ပြန်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အစ္စရေးက အခြေအနေ သတ်မှတ်ချက် အသစ်တချို့ ထည့်လာတယ်လို့ ဟာမတ်စ်က စွပ်စွဲပါတယ်။

အစ္စရေးကတော့ သူတို့ နားလည်မှုရထားပြီး စကားကို ပြန်ပြောတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေး နဲ့ စစ်တပ်ကလူတွေ ပါတဲ့ အစ္စရေး ညှိုနှိုင်းစေ့စပ်ရေး အဖွဲ့ဟာ ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ဖို့ ကာတာကနေ အစ္စရေးကို အင်္ဂါနေ့ ညနေပိုင်းက ပြန်သွားကြပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း ဆွေးနွေးမှုတွေကတော့ အရေးပါတဲ့ ညှိနှိုင်းမှုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဓားစာခံ မိသားစုတွေ ကတော့ အရေးပေါ် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အပစ်ရပ်၊ စစ်အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

Forum

XS
SM
MD
LG