သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဂါဇာဒေသခံ ၉ ဦးထက်မနည်းသေဆုံး


ဂါဇာမြောက်ပိုင်း Indonesian Hospital (ယခင်ပုံဟောင်း)
ဂါဇာမြောက်ပိုင်း Indonesian Hospital (ယခင်ပုံဟောင်း)

ဂါဇာမြောက်ပိုင်းက Indonesian ဆေးရုံကနေ တိမ်းရှောင်ကြဖို့ အစ္စရေးစစ်တပ်က တွန်းအားပေးခဲ့တဲ့အတွက် မိုင်ချီဝေးတဲ့ နောက်ထပ်ဆေးရုံတခုဆီလူနာအတော်များများရောက်လာကြတယ်လို့ ဂါဇာကျန်းမာရေးဌာနက ပြောပါတယ်။ လူနာတချို့ဆိုရင် ခြေကျင်လာခဲ့ကြတာလို့လည်းပြောပါတယ်။ Indonesian ဆေးရုံဟာ ဂါဇာမြောက်ပိုင်းမှာ တစိတ်တပိုင်းလည်ပတ်နေတဲ့ ဆေးရုံအနည်းငယ်ထဲက တခုအပါအဝင်ဖြစ်ပါတယ်။

ဒီဒေသမှာ အစ္စရေးတပ်က ဖိအားပေးလာတာ ၃ လနီးပါးရှိပါပြီ။ ဂါဇာမြောက်ပိုင်းဆေးရုံတဝိုက် ရပ်ကွက် ၃ ခုမှာရှိကြတဲ့ ဟာမတ်စ်လက်နက်ကိုင်တို့ကို အစ္စရေးလ်စစ်ဆင်ရေးက ပစ်မှတ်ထားတာဖြစ်တယ်လို့ အစ္စရေးလ်တို့က ပြောပါတယ်။ ဒါပေမယ့်လည်း ဂါဇာမြောက်ပိုင်းမှာ လူဦးရေနည်းသွားအောင် ဆောင်ရွက်ခြင်းအားဖြင့် ကြားခံနယ်ဖြစ်လာအောင် အစ္စရေးလ်တို့က ကြိုးပမ်းနေတာလို့ ပါလက်စတိုင်းတို့က စွပ်စွဲပါတယ်။

အစ္စရေးလ်တို့ကလည်း စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ တချိန်တည်းမှာပဲ ဂါဇာအခြားဒေသမှာ အစ္စရေးလ်ရဲ့ အင်္ဂါနေ့ က ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ ပါလက်စတိုင်း ၉ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆေးဝန်ထမ်းတွေက ပြောပါတယ်။အစ္စရေးလ်တို့ ထိန်းချုပ်ထားတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း Tulkarm မြို့အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတခုကို အင်္ဂါနေ့မနက်အစောပိုင်းက အစ္စရေးလ်တပ်တွေ ဝင်ရောက်စီးနင်းမှုမှာ ပါလက်စတိုင်း ၂ ဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းနဲ့ အစ္စရေးအရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG