သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၃၀ ထက်မနည်း သေဆုံး


အစ္စရေးတိုက်ခိုက်မှုခံထားရတဲ့ Nuseirat ဒုက္ခသည်စခန်း
အစ္စရေးတိုက်ခိုက်မှုခံထားရတဲ့ Nuseirat ဒုက္ခသည်စခန်း

အစ္စရေးတိုက်ခိုက်မှုအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ မနေ့ကတညတည်းမှာတင် လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ Nuseirat ဒုက္ခသည်စခန်းတဝိုက် အစ္စရေးရဲ့ ဝင်ရောက်စီးနင်းမှုတွေထဲ အများစုသေဆုံးတာပါ။

Nuseirat ဒေသမှာ သေဆုံးသူ ပါလက်စတိုင်း ၁၉ ဦးရဲ့ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ပြီး ကျန်သေဆုံး သူတွေက မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ဖြစ်တယ်လို့ ကျန်းမာရေးလုပ်သားတွေက ပြောပါ တယ်။ အစ္စရေးတင့်ကားတချို့အနောက်ဘက်ဒေသမှာ ဆက်ရှိနေပြီး နေအိမ်တွေထဲ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ဆယ်ရေးခက်ခဲနေသေးတဲ့အကြောင်း ပါလက်စတိုင်း အရပ်ဘက် အရေးပေါ်ဌာနက ပြောပါတယ်။

အစ္စရေးကတော့ ဂါဇာကမ်းမြောင် စစ်ဆင်ရေးတစိတ်တပိုင်းအဖြစ် အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း ကြာသပတေးနေ့က ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဖို့ ကြိုးစားနေတာလနဲ့ချီနေပြီဖြစ်ပေမဲ့ တိုးတက်မှုမရသေးသလို အခု စေ့စပ် ညှိနှိုင်းမှုတွေကို ခဏရပ်ဆိုင်းထားပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့လတွေအတွင်း အစ္စရေးတိုက်ခိုက်မှုတွေထဲ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း ၃၀ လောက်ကိုအစ္စရေးက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ဖမ်းဆီးထားတဲ့အချိန် ညှင်းပန်း နှိပ်စက်ခံခဲ့ရတယ်လို့ ပြန်လွတ်လာတဲ့သူတွေက ပြောဆိုတာကိုတော့ အစ္စရေးကငြင်းဆိုပါတယ်။

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၃၀ ထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG