သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ သေကျေထိခိုက်


ဂါဇာကမ်းမြောင်အလယ်ပိုင်း Deir Al-Balah မြို့က Al-Aqsa Martyrs ဆေးရုံကို အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ပြီးတွေ့ရစဉ် (အောက်တိုဘာ ၁၄၊ ၂၀၂၄)
ဂါဇာကမ်းမြောင်အလယ်ပိုင်း Deir Al-Balah မြို့က Al-Aqsa Martyrs ဆေးရုံကို အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ပြီးတွေ့ရစဉ် (အောက်တိုဘာ ၁၄၊ ၂၀၂၄)

ဂါဇာဒေသမှာ ဒီကနေ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွက်ူ Deir al-Balah မှာရှိတဲ့ Al-Aqsa အာဇာနည်ဆေးရုံကို ထိမှန်ခဲ့ရာက အနည်းဆုံး လူ ၄ ဦးသေဆုံး၊ ၄၀ လောက် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ဆေးရုံနဲ့ ပါလက်စတိုင်း စစ်ပြေးဒုက္ခသည်တွေရဲ့ ယာယီတဲတွေရှိရာ နေရာတွေမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။ အစ္စရေးကတော့ အရပ်သားတွေကြားမှာ ခိုအောင်းနေတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ပြောပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေ အသုံးပြုနေတဲ့ Nuseirat အရပ်က စာသင်ကျောင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးသွားပြီး နာရီပိုင်းအကြာမှာ နောက်ထပ် တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။ ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂရုံးကတော့ ဂါဇာမှာ နောက်ထပ် ထိတ်လန့်တုန်လှုပ်စရာ ညတည ဖြစ်ခဲ့ရကြောင်း ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဒီကနေ့ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားတဲ့ စာသင်ကျောင်းကို တိုက်ခိုက်ခံခဲ့ရတာလို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိမ်းမှုတပ်ဖွဲ့တွေ ဒဏ်ရာရခဲ့တဲ့အပေါ် အထူးစိုးရိမ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာအကြီးအကဲ Josep Borrell က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ သေကျေထိခိုက်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG