သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို THAAD ဒုံးခွင်းဒုံးစနစ်နဲ့ တပ်သားတွေ ကန်စေလွှတ်မည်

အမေရိကန်ရဲ့ဝေဟင်ကာကွယ်ရေး မစ်ဇိုင်းဒုံးခွင်းဒုံးစနစ် (THAAD) ကို အစ္စရေးမှာ စတင်စဥ်။ (မတ်လ ၄၊ ၂၀၁၉)
အမေရိကန်ရဲ့ဝေဟင်ကာကွယ်ရေး မစ်ဇိုင်းဒုံးခွင်းဒုံးစနစ် (THAAD) ကို အစ္စရေးမှာ စတင်စဥ်။ (မတ်လ ၄၊ ၂၀၁၉)

အစ္စရေးမှာ အမေရိကန်တပ်သားတွေချမထားဖို့ အီရန်ကသတိပေးနေပေမယ့် အမေရိကန်က အစ္စရေးအတွက် THAAD လို့ခေါ်တဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးခွင်းဒုံးစနစ်နဲ့ တပ်သားတွေကို စေလွှတ်မှာ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က စနေနေ့မှာ ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ရဲ့ ညွှန်ကြားချက်နဲ့ THAAD ကိုပေးဖို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin က အတည်ပြုခဲ့ကြောင်း ပင်တဂွန်ပြောခွင့်ရ ဗိုလ်ချုပ် Pat Ryder က ကြေညာချက်ထုတ်ပြန်ပါတယ်။ အီရန်က ဧပြီနဲ့ အောက်တိုဘာလတွေမှာ အစ္စရေးကို မစ်ဇိုင်းဒုံးတွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခု ပေးမယ့် ဒီဒုံးခွင်းဒုံးစနစ်က အစ္စရေးရဲ့ ဝေဟင်ကာကွယ်ရေးအားကြီးလာစေဖို့ အထောက်အကူပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ အစ္စရေးမှာရှိတဲ့အမေရိကန်တွေကို အီရန်က ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်မှာကို ကာကွယ်နိုင်ဖို့ဖြစ်ကြောင်းနဲ့ အစ္စရေးကာကွယ်ရေးအတွက် အမေရိကန်ပေးထားတဲ့ ကတိတည်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်က ဒီလိုပေးအပ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေထွက်လာချိန်က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာချီက လူမှုမီဒီယာ X ကနေ အမေရိကန်ကို သတိပေးထားတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ အီရန်က အစ္စရေးကို မစ်ဇိုင်းဒုံးကျည်အလုံးပေါင်း ၁၈၀ လောက်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ဒါကို လက်တုံ့ပြန်ဖို့ အစ္စရေးဘက်က ပြင်ဆင်နေမယ်လို့ အများက ယုံကြည်ကြပါတယ်။

မနှစ်က အောက်တိုဘာ ၇ ရက် ဟာမတ်စ်တွေ အစ္စရေးကို ဝင်တိုက်ခိုက်ခဲ့တဲ့ နောက်မှာ အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသမှာ ဒီ ဒုံးခွင်းဒုံးစနစ်တခုနဲ့အတူ နောက်ထပ် တပ်ရင်းတွေ ထပ်ချထားပြီး အဲဒီဒေသတွင်းက အမေရိကန်တပ်သားတွေကို အကာကွယ်ပေးရေး တိုးမြှင့် လုပ်ဆောင်ခဲ့တာပါ။ အမေရိကန်က ၂၀၁၉ မှာ အစ္စရေးကို ဒီ ဒုံးခွင်းဒုံးစနစ် ပို့ပေးပြီး သင်တန်းပေးထားတယ် လို့လည်း Ryder က ပြောပါတယ်။

အစ္စရေးကို THAAD ဒုံးခွင်းဒုံးစနစ်နဲ့ တပ်သားတွေ ကန်စေလွှတ်မည်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG