သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းမှာ  တပ်ဖြန့်ချထားဖို့ အမေရိကန်ပြင်ဆင်


အမေရိကန်ပြည်ထောင်စု ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦးမြင်ကွင်း။
အမေရိကန်ပြည်ထောင်စု ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦးမြင်ကွင်း။

အမေရိကန်စစ်တပ်အနေနဲ့ အရှေ့အလယ်ပိုင်းမှာ လေကြောင်းအထောက်အကူပြု စွမ်းရည်တိုးမြှင့်နေပြီး အဲဒီဒေသမှာ တပ်ဖြန့်ချထားဖို့ အတွက် တပ်ဖွဲ့တွေကို အဆင်သင့်ပြင်ဆင်ထားတယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ ဒါဟာလက်ရှိပဋိပက္ခကို မချဲ့ထွင်ဖို့ အီရန်နိုင်ငံကို သတိပေးတဲ့လုပ်ရပ်လည်းဖြစ်သလို ဟက်ဇ်ဘိုလာခေါင်းဆောင်တဦး အစ္စရေးလက်ချက်နဲ့ သေဆုံးရပြီး စိုးရိမ်စရာတွေ တိုးလာနေချိန် အမေရိကန်တပ်ဖွဲ့တွေ အရှေ့အလယ်ပိုင်းမှာချထားတာကို လိုအပ်သလိုချထားဖို့ သမ္မတဘိုင်ဒန်ရဲ့ ညွှန်ကြားချက်အပြီး ဒီကြေညာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အီရန်နဲ့ အီရန်ကျောထောက်နောက်ခံပြု တဆင့်ခံ မိတ်ဖက်တွေအနေနဲ့ ဒီအခြေအနေကို အခွင့်ကောင်းယူတာ၊ ဒါမှမဟုတ် ပဋိပက္ခကိုတိုးချဲ့တာမျိုးကို တားဆီးဖို့ ဆုံးဖြတ်ထားတာဖြစ်တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရက ဆိုပါတယ်။ အီရန်နဲ့ အီရန်အားပေးထားတဲ့အဖွဲ့တွေက ဒီအခြေအနေကို အသုံးချပြီး ဒေသတွင်းအမေရိကန်နိုင်ငံသားတွေနဲ့ အကျိုးစီးပွါးတွေကို ပစ်မှတ်မထားကြဖို့ သတိပေးလိုက်ပြီး ဒီအတွက် လိုအပ်တဲ့နည်းလမ်းမျိုးစုံသုံး ကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။

အစ္စရေးဘက်ကတော့ တနင်္ဂနွေနေ့မှာပဲ​ လက်ဘနွန်နိုင်ငံ ပစ်မှတ်တွေကို ပိုမိုတိုက်ခိုက်နေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ သူတို့နိုင်ငံသားတွေ လက်ဘနွန်နိုင်ငံကထွက်ခွါဖို့ အမိန့်မထုတ်ပြန်သေးပေမယ့် ဆုတ်ခွါလာရင်အကူအညီပေးနိုင်အောင်ပြင်ဆင်တဲ့အနေနဲ့ ဒါဇင်နဲ့ချီတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဆိုက်ပရပ်ကျွန်းနိုင်ငံကို ပို့ထားတယ်လို့လည်း အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG