သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း အပစ်ရပ်ရေး အချိန်မဆွဲဖို့ ကုလမှာ တရုတ်တင်ပြ


World leaders take part in the 79th annual U.N. General Assembly high-level debate
World leaders take part in the 79th annual U.N. General Assembly high-level debate

အရှေ့အလယ်ပိုင်း ဒေသမှာ အပြည့်အဝ အပစ်ရပ် သဘောတူညီမှု ရရေး အချိန်ဆွဲမနေသင့်ဘူးလို့ နယူးရောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနေနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ အပြည့်အဝ အပစ်ရပ် သဘောတူညီမှု ရရေး အချိန်ဆွဲမနေသင့်ဘူးလို့ နယူးရောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနေနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားလိုက်ပါတယ်။

ဒုက္ခခံစားနေရတဲ့ ပါလက်စတိုင်း ပြည်သူတွေကို ထပ်ပြီး ပစ်ပယ် မထားသင့်ကြောင်းနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးဟာ ဒေသတွင်း တင်းမာမှုတွေအတွက် ထွက်ပေါက်အဖြစ် ရှိနေဆဲပဲ လို့လည်း ပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရ အနေနဲ့ ယူကရိန်းငြိမ်းချမ်းရေး အတွက်လည်း လုပ်ဆောင်နေတာ ဖြစ်ပြီး မီးလောင်ရာလေပင့် လုပ်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အဆုံးသတ်ရေးအတွက် သောကြာနေ့က တရုတ်နဲ့ ဘရာဇီးလ်တို့က ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးထွက်အစည်းဝေးအဖြစ် ကျင်းပတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများစုဝေးပွဲမှာ ဆွေးနွေးတင်ပြခဲ့တာပါ။

တိုင်ဝမ် အရေးနဲ့ပတ်သက်ပြီးလည်း တရုတ်နဲ့ အပြည့်အဝ ပြန်လည်ပေါင်းစည်းရေးဟာ အောင်မြင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ တိုင်ဝမ် ကို သူပိုင်နယ်မြေ အဖြစ် တရုတ်က သတ်မှတ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ် အတွင်း စစ်ရေးရော၊ နိုင်ငံရေးအရပါ ဖိအားတွေ တိုးပေးလာတာ ဖြစ်ပေမယ့် တိုင်ဝမ်ကတော့ လက်မခံကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုနေတာပါ။

အရှေ့အလယ်ပိုင်း အပစ်ရပ်ရေး အချိန်မဆွဲဖို့ ကုလမှာ တရုတ်တင်ပြ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG