သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကူအညီပေးရေးနေရာတွေကို အကာအကွယ်ပေးဖို့ အစ္စရေးကို ကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဝါဆောမြို့မှာရှိစဥ် ပိုလန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်။ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဝါဆောမြို့မှာရှိစဥ် ပိုလန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်။ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုက ပါလက်စတိုင်းဒုက္ခသည်တွေခိုလှုံနေတဲ့ ကုလသမဂ္ဂကျောင်းဝင်းကိုထိမှန်ပြီး ကုလဝန်ထမ်း ၆ ဦး အပါအဝင် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ရတဲ့ နောက်တနေ့မှာပဲ ဂါဇာက လူသားစာနာမှုအကူညီပေးနေတဲ့နေရာတွေကို အကာကွယ်ပေးဖို့ အမေရိကန်က အစ္စရေးကို ဆက်လက်ဖိအားပေးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးAntony Blinken က ကြာသပတေးနေ့ ဝါဆောက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီလိုနေရာတွေမှာ ဟာမတ်စ်တွေခိုလှုံနေတာတွေ့ရတဲ့အပြင် အဲဒီနေရာတွေကိုသိမ်းပိုက်ပြီး အဲဒီကနေသူတို့ရဲ့ စစ်ဆင်ရေးတွေလုပ်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်လည်း ရှိနေတာကြောင့် အရပ်သားတွေအတွက် အန္တရာယ်ကြီးတဲ့ဒီလုပ်ရပ်တွေကို ရပ်ပစ်ဖို့လည်း ဝန်ကြီး Blinken က တောင်းဆိုပါတယ်။ ဒါ့အပြင် အခု အစ္စရေး-ဟာမတ်စ် စစ်ပွဲဟာ၁၂ လထဲရောက်လာပြီဖြစ်တဲ့အတွက် အပစ်ရပ် သဘောတူညီချက်ရဖို့ အရေးတကြီးလိုအပ်နေကြောင်းလည်း ပြောပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဂါဇာမှာ အရပ်သားတွေကို ထိရောက်တဲ့အကာကွယ်တွေ မပေးနိုင်ဘဲဖြစ်နေတာဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ အရပ်သားတွေနဲ့ သူတို့အားထားနေရတဲ့ အခြေခံအဆောက်အအုံတွေကို အကာကွယ်ပေးဖို့၊ သူတို့ရဲ့ အဓိကလိုအပ်ချက်တွေ အပြည့်ရဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေ၊ ခိုလှုံနေတဲ့နေရာတွေနဲ့ ဒီနေရာတွေအနားတဝိုက်ကို မတိုက်ခိုက်ကြဖို့လည်းတိုက်ခိုက်နေတဲ့ အဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။

အစ္စရေးနဲ့ဟာမတ်စ် နှစ်ဘက်စလုံးအနေနဲ့ နိုင်ငံတကာ လူသားစာနာမှုဥပဒေတွေကို လေးစားလိုက်နာရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ကြာသပတေးနေ့မှာပဲ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သူတို့ဟာ ဂါဇာကမ်းမြောင်ဒေသကလူအယောက် ၁၀၀ လောက်ကို UAE အာရပ်စော်ဘွားများနိုင်ငံကို ပို့ပေးခဲ့ရကြောင်းနဲ့ ဂါဇာကဆေးကုသဖို့လိုအပ်နေသူထောင်ပေါင်းများစာကို ခုလို ပုံမှန်ပို့ပေးဖို့ လမ်းကြောင်း လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG