သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်လွန်ကာလစီမံကိန်းတရပ် အစ္စရေးလိုအပ်" ကန်နိုင်ငံခြားရေးဝန်ကြီး

US Secretary of State Antony Blinken gestures as he speaks during a joint press conference with Moldova's President Maia Sandu (not pictured) at the Moldovan Presidential Palace in Chisinau, on May 29, 2024.
US Secretary of State Antony Blinken gestures as he speaks during a joint press conference with Moldova's President Maia Sandu (not pictured) at the Moldovan Presidential Palace in Chisinau, on May 29, 2024.

စစ်လွန်ကာလ စီမံကိန်းတစ်ရပ် မြန်နိုင်သမျှ အမြန်ဆုံး အစ္စရေးလိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။ စစ်ပြီးနောက်တစ်ရက် မှာ စီမံကိန်းရှိနေဖို့ကိုက အလွန်အရေးကြီးကြောင်း၊ ဒါမှမဟုတ်ရင် စစ်ပြီးနောက်တစ်ရက်ဆိုတာလည်း မရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က သတင်းထောက်တွေကို မော်ဒိုဗာ ခရီးစဥ်အတွင်း ဗုဒ္ဓဟူးနေ့က ခုလို ပြောလိုက်တာပါ။

"အဲဒီ အစီအစဥ်မရှိရင် ဟာမတ်စ်ပဲ တာဝန်ယူဖို့ကျန်ခဲ့မှာဖြစ်ပြီး ဒါကို လက်ခံစရာမရှိပါဘူး။ ဒါမှမဟုတ် မရှိဘူးဆိုရင်တော့ ကသောင်းကနင်း၊ ဥပဒေမဲ့ ဟင်းလင်းကွက်လပ် ဖြစ်နေမှာပါ" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ စပိန်ဝန်ကြီးချုပ် Pedro Sánchez က ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာ ကို စပိန်နိုင်ငံ မဒရစ်မြို့ မှာ လက်ခံတွေ့ဆုံပါတယ်။ စပိန်၊ အိုင်ယာလန်၊ နော်ဝေး တို့ က ပါလက်စတိုင်း နိုင်ငံ ကို အသိအမှတ်ပြုကြောင်း အင်္ဂါနေ့ က ကြေညာအပြီးမှာ ခုလိုတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသိအမှတ်ပြုတာဟာ ဂါဇာစစ်ပွဲအပေါ် ချက်ချင်း သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ အစ္စရေးက ဆိုပါတယ်။ တရားမျှတမှုနဲ့ တာရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တိုက်ပွဲ ကို ဆက်လက်ဆင်နွှဲမယ့် ကျွန်တော်တို့ရဲ့ ပိုင်းဖြတ်ချက်ကို ဒီ အသိအမှတ်ပြုမှုက ခိုင်မာစေပါတယ်လို့ ဝန်ကြီးချုပ် မူစတာဖာ က တွေ့ဆုံပြီးနောက်ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG