သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး အဆိုပြုချက် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ အစ္စရေးသမ္မတ Isaac Herzog တို့တွေ့ဆုံနေစဉ် (ဩဂုတ် ၁၉၊ ၂၀၂၄)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ အစ္စရေးသမ္မတ Isaac Herzog တို့တွေ့ဆုံနေစဉ် (ဩဂုတ် ၁၉၊ ၂၀၂၄)

ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေး အခုနောက်ဆုံး အဆိုပြုချက်ဟာ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး၊ အစ္စရေးနဲ့ ဟားမတ်စ်ကြား စစ်ပွဲတွေ အဆုံးသတ်ရေးအတွက် နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

"ပြီးပြတ်အောင် လုပ်ရမယ့်အချိန်ပါ၊ ဒီလုပ်ငန်းစဉ် လမ်းလွဲသွားစေမယ့် ခြေလှမ်းမျိုး မလှမ်းမိစေဖို့ သေချာအောင် လုပ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။" လို့ အစ္စရေးသမ္မတ Isaac Herzog နဲ့ ဒီနေ့အစောပိုင်း တွေ့ဆုံမှုမှာ ဝန်ကြီးဘလင်ကန် သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဝန်ကြီး Blinken ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား အောက်တိုဘာ ၇ ရက်နေ့ စစ်ပွဲဖြစ်ပွားချိန်ကစ၊ ဝန်ကြီး Blinken ရဲ့ အခုတကြိမ်ခရီးစဉ်ဟာ ၉ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့မှ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ပြီးခဲ့တဲ့အပတ်က ကာတာနိုင်ငံ ဒိုဟာမြို့မှာတွေဆုံခဲ့ကြပြီး သဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းပတ်နှောင်းပိုင်းမှာလည်း ကိုင်ရိုမြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပါသေးတယ်။

အစ္စရေးခေါင်းဆောင်တွေနဲ့ ဝန်ကြီး Blinken တွေ့ဆုံစကားပြောနေချိန်မှာပဲ နယ်စပ်အနီးရှိအစ္စရေးရဲ့ စစ်တန်းလျားတွေနဲ့ ကမ်းရိုးတန်းမြို့ Acre အနီးရှိ အခြေစိုက်စခန်းနှစ်ခုကို "ဖောက်ခွဲရေး ပစ္စည်းတွေ တင်ထားတဲ့ ဒရုန်းတွေနဲ့ တစ်ပြိုင်နက်တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ Hezbollah အဖွဲ့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG