သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်းအရပ်သား ၂၈ ဦး သေဆုံး


ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း အယ်လ် ဇာဝေဒါမြို့မှာအစ္စရေးလ်တိုက်ခိုက်မှုခံထားရအပြီးပါလက်စတိုင်းအရပ်သားတွေက ကြည့်ရှုနေကြစဥ်။ (သြဂုတ် ၁၇၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း အယ်လ် ဇာဝေဒါမြို့မှာအစ္စရေးလ်တိုက်ခိုက်မှုခံထားရအပြီးပါလက်စတိုင်းအရပ်သားတွေက ကြည့်ရှုနေကြစဥ်။ (သြဂုတ် ၁၇၊ ၂၀၂၄)

ဂါဇာမှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးနဲ့ သူ့ရဲ့ကလေး ၆ ဦးအပါအဝင် ပါလက်စတိုင်း အရပ်သား ၂၈ ဦးသေဆုံးတယ်လို့ ပါလက်စတိုင်းကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ ဂါဇာစစ်ရပ်စဲရေးသဘောတူညီချက်ထွက်လာစေဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒေသတွင်းကို နောက်တကြိမ်ရောက်ရှိလာပါပြီ။

အပစ်ရပ်ရေးဆွေးနွေးမှုတွေဟာ လအတန်ကြာလာပြီး အဖြေရဖို့ နီးလာပြီး မကြာခဏဆိုနေပေမယ့် ယတိပြတ်ရလဒ်တော့ ထွက်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ သီတင်းပတ်က ဒိုဟာဆွေးနွေးပွဲကနေ သဘောတူညီချက်ရဖို့ နီးလာပြီလို့ အမေရိကန်ပြည်ထောင်စုရော အီဂျစ်နဲ့ ကာတာက ညှိနှိုင်းရေးမှူးတွေကပါ ပြောနေပြန်ပါတယ်။ ဒါပေမယ့် အစ္စရေးရဲ့တောင်းဆိုချက်သစ်တွေကို လက်မခံနိုင်ဘူးဆိုပြီး ဟာမတ်စ်ဘက်က ငြင်းဆန်နေတုန်းပါ။

ဆွေးနွေးပွဲတွေကိုတော့ လာမယ့်ရက်တွေအတွင်း ကိုင်ရိုမှာပြန်လုပ်ဖို့ စီစဉ်ထားကြပါတယ်။ ဟာမတ်တို့က အပစ်ရပ်ရေးသဘောတူညီချက် အတွက် ညှိနှိုင်းဖို့ ခေါင်းမာမာနဲ့ငြင်းနေတာဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲပါတယ်။ ဒိုဟာဆွေးနွေးပွဲကို ဟာမတ်ဘက်က ကိုယ်စားလှယ်မလာတာကိုထောက်ပြပြီး ဟာမတ်စ်ဘက်ကို တိုက်ရိုက်ဖိအားပေးသင့်တယ်လို့ အစ္စရေးခေါင်းဆောင်က ပြောပါတယ်။ သူတို့ဘက်ကသတ်မှတ်တဲ့အခြေခံမူတွေဆိုတာ အစ္စရေးလုံခြုံရေးအတွက် အရေးကြီးတယ်လို့လည်း အစ္စရေးဝန်ကြီးချုပ်က သူ့အစိုးရအဖွဲ့ကို ပြောပါတယ်။

ဂါဇာမှာ အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်းအရပ်သား ၂၈ ဦး သေဆုံး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG