သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု ၉၀ ထက်မနည်း သေဆုံး


အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း (REUTERS/Abed Sabah)
အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း (REUTERS/Abed Sabah)

ဂါဇာကမ်းမြောင်ဒေသ Gaza City မြို့မှာ ပါလက်စတိုင်း စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောင်းအပေါ် အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ၉၀ ကျော် သေဆုံးသွားတယ်လို့ ဂါဇာဒေသ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

အိုးအိမ်စွန့် ထွက်ပြေးလာသူတွေ ခိုလှုံနေတဲ့ ကျောင်းအပေါ် အစ္စရေး Rocket ဒုံးကျည် ၃ လုံးကျရောက်‌ ပေါက်ကွဲခဲ့လို့ သေဆုံးတဲ့သူ လောလောဆယ်အထိ ၉၀ ကနေ ၁၀၀ ကြားရှိပြီး ဒဏ်ရာရတဲ့သူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ဂါဇာအရပ်ဘက် ကာကွယ်ရေးအေဂျင်စီ ပြောခွင့်ရ Mahmud Bassal က AFP သတင်းဌာနကို အစောပိုင်းက ပြောပါတယ်။

အစ္စရေးဘက်ကတော့ အဲဒီကျောင်းဟာ ဟားမတ်စ်စစ်သွေးကြွတွေရဲ့ ကွပ်ကဲရေးစခန်းအဖြစ် အသုံးပြုနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးတဲ့သူစာရင်း အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေမယ့်၊ တကယ်လို့သာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ၁၀ လကြာ ဂါဇာစစ်ပွဲအတွင်း လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုတွေထဲကတခု ဖြစ်မယ်လို့ AFP သတင်းက ပြောပါတယ်။

ဂါဇာဒေသကို အုပ်ချုပ်နေတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ သတင်းမီဒီယာတွေမှာတော့ ၁၀၀ ကျော် သေဆုံးတယ်လို့ ပြောပါတယ်။ ၂၀၂၃ အောက်တိုဘာ ၇ ရက် ဂါဇာစစ်ပွဲ စတင်ချိန်ကစပြီး၊ ဂါဇာဒေသမှာ ရှိနေတဲ့ လူ ၂.၄ သန်းထဲက အများစု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး။ အဲဒီထဲက အများအပြားဟာ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဇူလိုင် ၆ ရက် နောက်ပိုင်းကစပြီး တိုက်ခိုက်ခံရတဲ့ ကျောင်းပေါင်း ၁၄ ကျောင်းထက်မနည်းနဲ့ သေဆုံးသူ ၂၈၀ ကျော်သွားပြီ ဖြစ်တယ်လို့ ဂါဇာဒေသ တာဝန်ရှိသူတွေကို ကိုးကားပြီး AFP သတင်းက ပြောပါတယ်။

Forum

XS
SM
MD
LG