သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း ဒေသခံတွေ ဘေးလွတ်ရာရွှေ့ဖို့ အစ္စရေးအမိန့်ထုတ်


အစ္စရေး လေကြောင်း တိုက်ခိုက်မှုခံရတဲ့ ဂါဇာဒေသတောင်ပိုင်းရှိ ပါလက်စတိုင် စာသင်ကျောင်း
အစ္စရေး လေကြောင်း တိုက်ခိုက်မှုခံရတဲ့ ဂါဇာဒေသတောင်ပိုင်းရှိ ပါလက်စတိုင် စာသင်ကျောင်း

ဂါဇာဒေသတောင်ပိုင်းမှာ နောက်ထပ်ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဒီကနေ့ အစောပိုင်းမှာပဲ အစ္စရေး စစ်တပ်က အမိန့်ပေးလိုက်ပါတယ်။ ဂါဇာဒေသမြောက်ပိုင်းမှာ ယာယီခိုလှုံရာစခန်းအဖြစ် သုံးနေတဲ့ စာသင်ကျောင်းတကျောင်းကို လေကြောင်းက တိုက်ခိုက်မှုကြောင့် အသေအပျောက်တွေ ရှိခဲ့ပြီးနောက် အခုလို အမိန့်ထုတ်လိုက်တာပါ။

စာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ ပါလက်စတိုင်း ၈၀ ထက်မနည်း သေဆုံးကြောင်း ဒေသခံကျန်းမာရေး တာဝန်ရှိသူတွေ ပြောဆိုထားပြီး အစ္စရေးကတော့ စစ်သွေးကြွတွေရဲ့ ကွပ်ကဲရေးစခန်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမှာ တိုက်ခိုက်ရေးသမား ၁၉ ယောက် သေဆုံးကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ရွှေ့ပြောင်းခိုင်းတဲ့ နေရာတွေထဲမှာ အစ္စရေးက စာနာမှုဆိုင်ရာ ဇုန်နယ်မြေအဖြစ် သတ်မှတ်ထားပြီး၊ ရော့ကတ်တွေနဲ့ မကြာခဏ တိုက်ခိုက်နေတယ်လို့ဆိုတဲ့ Khan Younis နဲ့ အနီးဝန်းကျင် နယ်မြေတွေလည်း ပါဝင်ပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အစောပိုင်း တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ်ကြုံခဲ့ရတဲ့ နယ်မြေမှာ အစ္စရေးက ဒေသခံတွေ ဘေးလွတ်ရာရှောင်ဖို့ အကြိမ်ကြိမ် အမိန့်ထုတ်ပြန်ခဲ့တာပါ။

ဂါဇာဒေသက လူဦးရေ ၂.၃ သန်းဟာ ၁၀ လကြာ စစ်ပွဲအတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို၊ တချို့ဟာဆိုရင်လည်း တကြိမ်မက နေရပ်စွန့်ခဲ့ကြရပါတယ်။

Forum

XS
SM
MD
LG