သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ ဒုက္ခသည်စခန်းတွေ တိုက်ခိုက်ခံရမှု ၁၃ ဦးထက်မနည်း သေဆုံး

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်းရှိ ပါလက်စတိုင်း ၁၃ ယောက် ထက်မနည်းသေဆုံး။
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်းရှိ ပါလက်စတိုင်း ၁၃ ယောက် ထက်မနည်းသေဆုံး။

အီဂျစ်နိုင်ငံ ကိုင်ရိုမှာ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ တိုးတက်နေချိန်မှာ၊ ဂါဇာအလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို မနေ့ညက အစ္စရေးက လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်တာကြောင့် ၁၃ ယောက် ထက်မနည်းသေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Nuseirat နဲ့ Bureij ဒုက္ခသည်စခန်းတွေက သေဆုံးတဲ့သူတွေထဲမှာ ကလေး ၃ ယောက် နဲ့ အမျိုးသမီး တယောက်တို့ ပါဝင်တယ်လို့ သေဆုံးတဲ့ ရုပ်အလောင်းတွေကို အနီးနားက ဆေးရုံကို ပို့ဆောင်ပေးတဲ့ ပါလက်စတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ကြာသပတေးနေ့ကတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်အလွန်ရင့်နေတဲ့ အမျိုးသမီးတဦး နောက်ထပ် ၆ ယောက် သေဆုံးသွားခဲ့ပေမယ့်၊ အရေးပေါ်ဆေးအဖွဲ့က အဲဒီသေဆုံးသွားတဲ့ ကိုယ်ဝန်နဲ့ အမျိုးသမီးဗိုက်ထဲက ကလေးကို မွေးနိုင်အောင် ဂါဇာမြောက်ပိုင်းက ဆေးရုံကိုပို့ဆောင်ခဲ့ပြီး အောင်မြင်စွာ မွေးနိုင်ခဲ့တယ်လို့ ဆရာဝန်တွေက AP သတင်းကို ပြောပါတယ်။

တချိန်တည်းမှာပဲ အီဂျစ်နိုင်ငံ ကိုင်ရိုမှာတော့ အစ္စရေး နဲ့ ဟားမတ်စ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရဖို့အတွက် အမေရိကန် အပါအဝင် နိုင်ငံတကာက ဆက်လက်လုပ်နေဆာင်ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကတော့ ဟားမတ်စ်က ဖမ်းထားတဲ့ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပြီး ၂ ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့က လက်တကမ်းအလိုမှာ ရောက်နေကြောင်း၊ ဒါပေမဲ့ အဲဒီလို ပန်းတိုင်ကိုရောက်ဖို့ နောက်ဆုံးအပိုင်းက အခက်ဆုံးဖြစ်တယ်လို့ သောကြာနေ့က ပြောပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲကြောင့်၊ အစ္စရေးဘက်က အရပ်သားအများစုအပါအဝင် ၁၂၀၀ ကျော်သေဆုံးပြီး၊ ၂၅၀ ကျော် ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ရပါတယ်။ အဲဒီထဲမှာ တဝက်လောက် ပြန်လွတ်လာပြီး ၁၂၀ လောက် ဓါးစာခံအဖြစ် ဆက်ရှိနေပါတယ်။ ပါလက်စတိုင်းဘက်မှာတော့ သေဆုံးသူ ၃၈၉၀၀ ကျော်ရှိပြီး၊ ၂.၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

This item is part of

Forum

XS
SM
MD
LG