သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ စာနာမှုဇုံက အရပ်သားတွေ ဘေးလွတ်ရာရှောင်ဖို့ အစ္စရေးအမိန့်ပေး

အရပ်သားတွေ ဘေးလွတ်ရာရှောင်ဖို့ အစ္စရေး အမိန့်ထုတ်ပြီးတဲ့နောက် ဂါဇာတောင်ပိုင်း Khan Younis မြို့ကနေ ထွက်လာကြသူ ပါလက်စတိုင်းဒုက္ခသည်များ (ဇူလိုင် ၂၂၊ ၂၀၂၄)
အရပ်သားတွေ ဘေးလွတ်ရာရှောင်ဖို့ အစ္စရေး အမိန့်ထုတ်ပြီးတဲ့နောက် ဂါဇာတောင်ပိုင်း Khan Younis မြို့ကနေ ထွက်လာကြသူ ပါလက်စတိုင်းဒုက္ခသည်များ (ဇူလိုင် ၂၂၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသက စာနာထောက်ထားမှုဆိုင်ရာ စစ်မဲ့ဇုံသတ်မှတ်နေရာမှာ နေထိုင်သူတွေ အပါအဝင် အရပ်သားတွေ အားလုံးဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အစ္စရးစစ်တပ်က ဒီကနေ့ အမိန့်ထုတ်လိုက်ပါတယ်။ စာနာမှုဆိုင်ရာ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဂါဇာဒေသတောင်ပိုင်းမှာ ဟားမတ်စ် စစ်သွေးကြွတွေက အရပ်သားတွေနဲ့ ရောနှောနေထိုင်ပြီး အစ္စရေးကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ဆင်ရေးလုပ်ဖို့ စီစဉ်ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောတာပါ။ စာနာမှုဆိုင်ရာ စစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားတဲ့ မြေထဲပင်လယ်တလျှောက် ၈ မိုင်ခွဲကျော်လောက်ထိ ပါလက်စတိုင်း ၁.၈ သန်းလောက်နေထိုင်နေတယ်လို့ ခန့်မှန်းရပါတယ်။

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနေချိန်မှာပဲ အခုလို စစ်ဆင်ရေးအတွက် အရပ်သားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အစ္စရေးစစ်တပ်ရဲ့ အမိန့်ထွက်လာတာပါ။ တချိန်ထဲမှာပဲ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ဟာ အမေရိကန် သမ္မတ Joe Biden နဲ့ တွေ့ဆုံပြီး အမေရိကန် လွှတ်တော်မှာ မိန့်ခွန်းပြောကြားမယ့် ခရီးစဉ်အတွက် ဒီကနေ့ ဝါရှင်တန်မြို့တော်ကို လာရောက်မှာပါ။ အစ္စရေးဝန်ကြီးချုပ်ရုံးရဲ့ ပြောဆိုချက်အရ ကြာသပတေးနေ့မှာ ဆက်လက်ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ညှိနှိုင်းရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့ရှိပါတယ်။ အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့ကလည်း တိုက်ပွဲတွေ အဆုံးသတ်ပြီး ဓားစာခံတွေကို လွတ်မြောက်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ဆက်ပြီးတွန်းအားပေးနေပါတယ်

ဂါဇာဒေသ စာနာမှုဇုံက အရပ်သားတွေ ဘေးလွတ်ရာရှောင်ဖို့ အစ္စရေးအမိန့်ပေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG