သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ် စစ်ဦးချုပ်ကို တိုက်ခိုက်မှု ပါလက်စတိုင်း ၂၀ ထက်မနည်း သေဆုံး


ဟာမတ်စ်အဖွဲ့ စစ်ဦးစီးချုပ်ကို ပစ်မှတ်ထားပြီး ဂါဇာကမ်းမြောင်ဒေသ၊ Khan Younis မြို့ကို တိုက်ခိုက်ခဲ့တယ်လို အစ္စရေး စစ်ဘက်အသံလွှင့်ဌာနက ဒီကနေ့ ကြေညာသွားချိန်မှာပဲ ဂါဇာကျန်းမာရေးဌာနကတော့ အဲ့ဒီတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဟာမတ်စ် စစ်ဦးချုပ် Mohammed Deif သေဆုံးသွားသလား ဆိုတာတော့ သေချာ မသိရသေးဘူးလို့ စစ်ဘက်ရေဒီယိုက ကြေညာပြီး အစ္စရေး စစ်တပ်ကလည်း ဒီသတင်းရဖို့ သူတို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဂါဇာ ကျန်းမာရေးဌာနကတော့ ဒီတိုက်ခိုက်မှုကြောင့် Khan Younis မြို့က Nasser ဆေးရုံမှာ လူ ၂၀ သေဆုံးပြီး ၉၀ ဒဏ်ရာရခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ တခြားဆေးရုံတွေကို လွှဲပြောင်းလိုက်ရတဲ့ ဒဏ်ရာရသူ အရေအတွက်တော့ ဒီကြေညာချက်ထဲမှာ ဖော်ပြမထားပါဘူး။ ဟာမတ်စ်အဖွဲ့ သတင်းပြန်ကြားရေးရုံးကတော့ သေဆုံးဒဏ်ရာရသူ ၁၀၀ ထက်မနည်း ရှိပြီး ဒီအထဲမှာ အရပ်ဘက်အရေးပေါ် ကူညီရေးအဖွဲ့ဝင်တွေလည်း ပါတယ်လို့ ပြောပါတယ်။

အဲ့ဒီနေရာမှာ ဟာမတ်စ် စစ်ဦးစီးချုပ် Deif ရှိနေသလားဆိုတဲ့ အမေးကို ဟာမတ်စ်အဖွဲ့ အကြီးတန်းတာဝန်ရှိသူ Abu Zuhri က အတည်မပြုဘဲ အစ္စရေးဟာ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG