သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hezbollah အဖွဲ့ ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်


လက်ဘနွန်တောင်ပိုင်း ပစ်ခတ်မှုအတွင်းတွေ့ရတဲ့ မီးခိုးလုံး (ဇူလိုင် ၁၁၊ ၂၀၂၄)
လက်ဘနွန်တောင်ပိုင်း ပစ်ခတ်မှုအတွင်းတွေ့ရတဲ့ မီးခိုးလုံး (ဇူလိုင် ၁၁၊ ၂၀၂၄)

အစ္စရေး ဂျက်တိုက်လေယာဥ်တွေဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇဘိုလာ စစ်ဘက် အဆောက်အဦကို လေကြောင်းကနေ ဒီကနေ့ ဇူလိုင် ၁၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီး အမြှောက်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။

ဟစ်ဇဘိုလာဘက်က ပစ်ခတ်တဲ့ ရော့ကက် ဒုံးကျည်တချို့ကို အစ္စရေးစစ်က ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး တချို့က လူသူအဆောက်အဦမရှိတဲ့ နေရာတွေကို ကျရောက်တာကြောင့် အပျက်အစီးနဲ့ လူအသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ တောင်ပိုင်းက ဂါဇာဒေသမှာ ဟာမတ်စ်အဖွဲ့နဲ့ စစ်ဖြစ်နေသလို မြောက်ပိုင်းမှာလည်း ဟစ်ဇဘိုလာ အဖွဲ့နဲ့ တိုက်ခိုက်နေတာကြောင့် ဒေသတွင်းအထိ စစ်မီးပွားလာမှာကို စိုးရိမ်နေကြပါတယ်။

အစ္စရေးကပစ်လိုက်တဲ့ ဒုံးကျည်ကို ဟစ်ဇ်ဘိုလာဘက်က ကြားဖြတ်ပစ်ခတ်နေစဉ် (ဇူလိုင် ၁၆၊ ၂၀၂၄)
အစ္စရေးကပစ်လိုက်တဲ့ ဒုံးကျည်ကို ဟစ်ဇ်ဘိုလာဘက်က ကြားဖြတ်ပစ်ခတ်နေစဉ် (ဇူလိုင် ၁၆၊ ၂၀၂၄)


အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့လည်း အစ္စရေး ဟစ်ဇဘိုလာ စစ်ပွဲနဲ့ ပတ်သတ်ပြီး မနေ့က တယ်လီဖုန်းနဲ့ ပြောဆိုဆွေးနွေးကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဂါဇာက ပါလက်စတိုင်းတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးပို့နိုင်ဖို့ ဂါဇာ ကမ်းရိုးတမ်းမှာ ကုန်တင်ကုန်ချလုပ်နိုင်တဲ့ ဆိပ်ခံတံတား ကိစ္စ Lloyd Austin က ပြောဆိုကြောင်းလည်း ပင်တဂွန် ပြောခွင့်ရ ဗိုလ်ချုပ် Pat Ryder က ကြေညာချက် ထုတ်ပြန် ပြောဆိုထားတာပါ။

ဒီဆိပ်ခံတံတာဟား ပင်လယ်လှိုင်းရိုက်ခတ်မှုကြောင့် အသုံးပြုရခက်ခဲနေပြီး မကြာခင်မှာ ရေကြောင်းကနေ အကူအညီတွေ ပို့ဆောင် ပေးနေတာကို ရပ်ဆိုင်းမှာပါ။ ဒါပေမဲ့ ကုန်းလမ်းကနေ အထောက်အပံ့ပစ္စည်းတွေ ပို့ဆောင်သွားမှာဖြစ်ကြောင်း အော်စတင်က အစ္စရေးကာကွယ်ရေးဝန်ကြီးကို ပြောခဲ့တယ်လို့ Ryder က ပြောပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာ နိုင်ငံတွေဟာ အစ္စရေး-ဟာမတ်စ် စစ်ပွဲ အပစ်ရပ်ဖို့ ကြားဝင်ဆောင်ရွက်နေပြီး ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးနဲ့ ဂါဇာမှာ အပစ်ရပ်ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတာပါ။

၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေးကို ဟာမတ်စ်တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး ဓါးစာခံ ၂၅၀ လောက်ကို ဖမ်းဆီးခဲ့သလို လူပေါင်း ၁၂၀၀ လောက်ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးက ဂါဇာဒေသတွင်း လက်တုံ့ပြန်တိုက်ခိုက်ရာမှာ လူပေါင်း ၃၉၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG