သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ဆွေးနွေးဖို့ အီဂျစ်ကို အစ္စရေးညှိနှိုင်းရေးမှူးများ စေလွှတ်မည်


ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းခန်ယူနစ္စ်မြို့က ဒုက္ခသည်စခန်းတွင်း တဲတလုံးအပြင်မှာရပ်နေတဲ့ကလေးတယောက်။ (ဇူလိုင် ၁၁၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းခန်ယူနစ္စ်မြို့က ဒုက္ခသည်စခန်းတွင်း တဲတလုံးအပြင်မှာရပ်နေတဲ့ကလေးတယောက်။ (ဇူလိုင် ၁၁၊ ၂၀၂၄)

ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဆွေးနွေးဖို့ ညှိနှိုင်းရေးမှူးတွေကို ကိုင်ရိုကို စေလွှတ်မှာဖြစ်ကြောင်း အစ္စရေးက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ကြားဝင်ညှိနှိုင်းပေးနေကြတဲ့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ ကိုယ်စားလှယ်တွေဟာ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား ဂါဇာအပစ်ရပ်စဲရေး သဘောတူညီချက်ရဖို့ တွန်းအားပေးနေကြတာဖြစ်ပြီး သဘောတူညီချက်ရဖို့ နီးလာနေပြီလို့ သတင်းတွေမှာဖေါ်ပြပါတယ်။

ဟာမတ်စ်တွေကလည်း အရင်တုန်းက သူတို့ အဓိကထားတောင်းဆိုနေတဲ့ ဂါဇာအပစ်ရပ်ဖို့ အစ္စရေးတွေဘက်က စစ်ပွဲရပ်ဆိုင်းပေးရမယ် ဆိုတဲ့အချက်ကို အစ္စရေးဘက်က အတိအကျလိုက်နာဖို့မလိုတော့ဘူးလို့ သဘောတူခဲ့တာပါ။ ဒါ့အပြင် ဂါဇာအပစ်ရပ်သဘောတူညီချက်ရတဲ့အထိ ညှိနှိုင်းရေးမှူးတွေ ဆက်လက်ကြိုးစားပေးကြဖို့လည်း ဟာမတ်စ်တွေက တိုက်တွန်းအားပေးနေတာ ဖြစ်ပါတယ်။ အပစ်ရပ် သဘောတူညီချက်ရဖို့ ဟာမတ်စ်တွေ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်တိုက်ချိန်က ဖမ်းသွားတဲ့ဓါးစာခံတွေကို ပြန်လွှတ်ပေးရမှာပါ။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ သူ့စစ်တပ်က ဟာမတ်စ်တွေကို အပြီးတိုင်ဖယ်ရှားဖို့ မလုပ်နိုင်သေးရင် အပစ်ရပ်ဖို့ သဘောတူမှာမဟုတ်ဘူးလို့ ပြောထားတာပါ။ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ညှိနှိုင်းရေးအဖွဲ့ဟာ ဒိုဟာမှာကျင်းပတဲ့ ၄ နိုင်ငံပါဝင်တဲ့ ထိပ်သီးအစည်းဝေးကနေ ပြန်ရောက်လာပြီဖြစ်ပြီး ဒီအစည်းဝေးမှာ ဓါးစာခံပြန်လွတ်မြောက်ရေးနဲ့ သဘောတူညီချက် အကောင်ထည်ဖေါ်ဖို့လိုအပ်တာတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့ပြင် အစ္စရေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဆက်လက်ဆွေးနွေးဖို့ ကိုင်ရိုကို သွားရောက်နေပြီ ဖြစ်ကြောင်း ပြောပါတယ်။

ကြာသပတေးနေ့မှာပဲ ဂါဇာမြောက်ပိုင်းက ဂါဇာမြို့မှာတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး ဗုဒ္ဓဟူးနေ့ကတော့ အစ္စရေးက အဲဒီဒေသကနေ အရပ်သားတွေဖယ်ရှားကြဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG