သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး နောက်ဆုံးမူကြမ်းထောက်ခံဖို့ လုံခြုံရေးကောင်စီကို ကန်တိုက်တွန်း 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်

သမ္မတဘိုင်ဒန်ရဲ့ အဆင့် ၃ ဆင့်ပါ အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေးအဆိုပြုချက်မူကြမ်းကို ထောက်ခံကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ အဆိုပြုချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ကျန်အဖွဲ့ဝင် ၁၄ နိုင်ငံကို တနင်္လာနေ့က ဖြန့်လိုက်ပါတယ်။

ဒေသတွင်းနိုင်ငံတွေအပါအဝင် ခေါင်းဆောင်အတော်များများနဲ့ အစိုးရတွေက ဒီအစီအစဥ်ကို ထောက်ခံထားကြပြီး ဒီ သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖို့တောင်းဆိုရာမှာ လုံခြုံရေးကောင်စီက ပူးပေါင်းဖို့ တောင်းဆိုပါတယ်လို့ အမေရိကန် သံမတ်ကြီးရဲ့ ကြေညာချက်မှာဆိုပါတယ်။

နိုင်ငံရေးအရ ဆက်လက်ရပ်တည်နိုင်ဖို့ အစ္စရေးဝန်ကြီးချုပ် နာသန်ယာဟု စစ်ထဲကထွက်ဖို့ ယုံနိုင်လောက်တဲ့ အကြောင်းအချက်တွေရှိနေပါတယ်လို့ သမ္မတဘိုင်ဒန်က အင်္ဂါနေ့ထုတ် တိုင်းမ်မဂ္ဂဇင်းကို ပြောပါတယ်။

သမ္မတဘိုင်ဒန်ရဲ့အဆိုပြုချက်ကို အစ္စရေးနဲ့ ဟာမတ်စ်တို့က တလေးတနက် အပြုသဘော စဥ်းစားကြဖို့လည်း အဓိက အာရပ်နိုင်ငံတွေဖြစ်ကြတဲ့ ဂျော်ဒန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးတွေက တနင်္လာနေ့က ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ကနေဒါ နဲ့ အီတလီ တို့ပါဝင်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံကလည်း ဒီ အစီအစဥ်ကို ထောက်ခံထားပြီးဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG