သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကန် ဗီတိုသုံးပယ်ချ 


ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ဗီတိုသုံးပြီး ပယ်ချစဥ်။ (ဖေဖေါ်ဝါရီ ၂၀၊ ၂၀၂၄)
US Ambassador to the UN Linda Thomas-Greenfield casts a veto vote during a UN Security Council meeting on the Israel-Hamas war, at UN Headquarters in New York City on February 20, 2024.

အစ္စရေး ဟာမတ်စ်စစ်ပွဲမှာ လူသားချင်းစာနာထောက်ထားမှုအတွက် ချက်ချင်း အပစ်အခတ်ရပ်စဲဖို့တောင်းဆိုတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အမေရိကန်က အင်္ဂါနေ့မှာ ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။

ဓားစာခံလွတ်မြောက်ရေးဆွေးနွေးပွဲတွေကို ဒီဆုံးဖြတ်ချက်က အနှောက်အယှက်ပေးလိမ့်မယ်လို့ အမေရိကန်က အကြောင်းပြပါတယ်။ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အနက် ဗြိတိန်တနိုင်ငံကပဲ မဲမပေးဘဲနေခဲ့ပြီး အဆိုပြုချက်က ၁၃ မဲ၊ ၁ မဲ ရခဲ့ပေမဲ့ အမေရိကန်ရဲ့ ဗီတိုကန့်ကွက်မဲကြောင့် ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့တာပါ။

ဂါဇာမှာ အပစ်ရပ်ဖို့တောင်းဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုဆုံးဖြတ်ချက်တွေကို အမေရိကန်က တတိယအကြိမ်‌မြောက် ဗီတိုနဲ့ ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ လူတွေ အစုလိုက်အပြုံလိုက် ဆက်သတ်နိုင်အောင် ဂါဇာကို ဆက်လက်သိမ်းပိုက်ထားဖို့ အမေရိကန်ဗီတိုက မီးစိမ်းပြလိုက်တာ ဖြစ်တယ်လို့ ဟာမတ်စ်အဖွဲ့က ကျေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီ့အရင်တရက်တုန်းကတော့ အမေရိကန်က အပြိုင် အဆိုပြုချက်တရပ်ကို ဖြန့်ခဲ့ပါသေးတယ်။ အမေရိကန်ရဲ့အဆိုပြုချက်မှာ ယာယီအပစ်ရပ်ရေးနဲ့ ဓားစာခံလွှတ်ပေးရေးကို ချိတ်ထားပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်အောင် ကန့်သတ်ထားချက်တွေကိုဖယ်ရှားဖို့ တောင်းဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG