သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး ကုလအထွေထွေညီလာခံတောင်းဆို


ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric
ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric

ဂါဇာမှာ လူသားချင်းစာနာထောက်ထားရေး အပစ်အခတ်ချက်ချင်းရပ်စဲဖို့ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ်အစည်းအဝေးက တောင်းဆိုလိုက်ပါတယ်။ ထောက်ခံမဲ ၁၅၃ မဲ၊ ဆန့်ကျင်မဲ ၁၀ မဲနဲ့ မဲမပေးတဲ့ နိုင်ငံ ၂၃ နိုင်ငံနဲ့ ဆုံးဖြတ်ခဲ့တာပါ။

အလားတူတောင်းဆိုတဲ့ အဆိုပြုချက်ကို နိုင်ငံ ၁၀၃ နိုင်ငံ ထောက်ခံချက်နဲ့ လုံခြုံရေးကောင်စီမှာ သောကြာနေ့က စဥ်းစားခဲ့ပေမဲ့ အမေရိကန်က ဗီတိုအသုံးပြုလိုက်တာကြောင့် ဆုံးဖြတ်ချက်မကျခဲ့ပါဘူး။ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ဟာ ဥပဒေအရ လုပ်ဆောင်ရမယ်ဆိုတဲ့သဘော မရှိပေမဲ့ နိုင်ငံအများစုရဲ့အမြင်ဖြစ်တာကြောင့် အလွန်အရေးကြီးကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က တနင်္လာနေ့က ပြောပါတယ်။

ဂါဇာက အစ္စရေး-ဟားမတ်စ် စစ်ပွဲကို မရပ်ခဲ့ရင် စစ်ကချဲ့သွားနိုင်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရာဘ်ဒိုလာဟီယံ (Hossein Amirabdollahian) က အမေရိကန်ကို အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

‘တကယ်လို့ ဒီ အခြေအနေအတိုင်း ဆက်သွားနေရင် ထိန်းလို့မရ၊ ဘာဖြစ်မယ်ကြိုပြောမရတဲ့ ပေါက်ကွဲမှုတရပ် အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ဒီနေ့အထိ အမေရိကန်တွေ သဘောမပေါက်သေးတာ ဒါပါပဲ’ လို့ ဂျနီဗာက ကုလသမဂ္ဂမှာ သူက ခုလို ပြောလိုက်တာဖြစ်ပါတယ်။ မကြာခင် သဘောမပေါက်ဘူးဆိုရင် အကျိုးဆက်က အမေရိကန်အပေါ် ပြင်းပြင်းထန်ထန် သက်ရောက်ပါလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဂါဇာအပစ်ရပ်ရေး ကုလအထွေထွေညီလာခံတောင်းဆို
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG