သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဟားမတ်စစ်ပွဲကနေ ဒေသတွင်းစစ်မီးချဲ့လာမှာ ကန်စိုးရိမ်ပူပင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အောက်တိုဘာ ၁၇၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (အောက်တိုဘာ ၁၇၊ ၂၀၂၃)

အစ္စရေး ဟားမတ်စ် စစ်ပွဲက အရှေ့အလယ်ပိုင်းတလျှောက် စစ်မီးချဲ့လာမှာကို အမေရိကန်ကစိုးရိမ်ကြောင်း ထိပ်တန်းတာဝန်ရှိသူ ၂ ယောက်က ‌ပြောလိုက်ကြပါတယ်။ အေဘီစီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ‘စစ်ရှိန်ချဲ့လာမှာ ကျနော်တို့ စိုးရိမ်နေကြပါတယ်’ လို့ ပြောသွားခဲ့တာပါ။

ဒါပေမဲ့ အမေရိကန်မှာ တုံ့ပြန်နိုင်စွမ်းရှိတာ ကို သူကပြောသွားပြီး ယီမင်က အစ္စရေးကို ပစ်လိုက်တဲ့ဒရုန်းကို အမေရိကန် ‌ရေတပ်စစ်သင်္ဘောက ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အင်န်ဘီစီ ရုပ်မြင်သံကြားနဲ့ တွေ့ဆုံရာမှာတော့-

“စစ်ချဲ့လာနိုင်တဲ့အလားအလာရှိတာကို ကျနော်တို့ မျှော်လင့်ထားကြပါတယ်။ အီရန် ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေက ကျနော်တို့တပ်ဖွဲ့တွေ၊ တပ်သားတွေကို တိုက်ခိုက်လာနိုင်တာမျိုးပါ။ စစ်ရဲ့ဒုတိယ၊ တတိယ မျက်နှာစာဖြစ်ပေါ်လာတာကို ကျနော်တို့ မမြင်ချင်ကြပါဘူး။ ဒါပေမဲ့ ဖြစ်လာခဲ့ရင်လည်း အသင့်ရှိနေပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ကလည်း ပြောပါတယ်။ လက်ဘနွန်ကနေ တိုက်ခိုက်ပြီး စစ်ချဲ့လာမယ့် ဟက်ဇ်ဘိုလာအဖွဲ့ကို သတိပေးလိုက်ပြီး တဖွဲ့ဖွဲ့က တခုခုလုပ်ဖို့ကြိုးစားရင် တားဆီးဖို့အတွက် အမေရိကန်ဟာ လေယာဥ်တင် စစ်သင်္ဘော ၂ စင်း ကို ချထားလိုက်တယ်လို့လည်း မစ္စတာဘလင်ကန်က ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ဂါဇာကို အကူအညီပေးရေး ကုန်တင်ကား ၁၇ စင်း ဝင်သွားခဲ့ပြီး တနင်္လာနေ့မှာ အစင်း ၄၀ သွားမယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) ရဲ့ အမှုဆောင် ဒါရိုက်တာ Cindy McCain က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG