သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်စစ်သွေးကြွတွေကို ချေမှုန်းဖျက်ဆီးမယ်လို့ အစ္စရေးဝန်ကြီးချုပ်ကြုံးဝါး


အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ရာဟု
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ရာဟု

ဟားမတ်စ် စစ်သွေးကြွတွေကို ဖြိုဖျက်ပစ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ မြေပြင်ထိုးစစ်ဆင်နွှဲဖို့ အစ္စရေး တပ်သား ၃ သိန်းက ဂါဇာကမ်းမြောင်ဒေသ နယ်ခြားမှာ နေရာယူထားချိန်မှာ ခုလို ကတိစကား ဆိုလိုက်တာပါ။

အတိုက်အခံအမတ် ဘင်န်နီ ဂန့်ဇ် (Benny Gantz) အပါအဝင် အရေးပေါ် အစိုးရအစည်းအဝေးကို ဝန်ကြီးချုပ်ကဆင့်ခေါ်ခဲ့ပြီး ဒါဟာ အမျိုးသား ညီညွတ်ရေးကို ပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေး ခေါင်းဆောင်းတွေဟာ ညီညွတ်တဲ့တပ်ဦးအဖြစ် အချိန်ပြည့် အလုပ်လုပ်နေကြတယ်လို့ စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေး မှာ နေတန်ရာဟုက ပြောပါတယ်။

"ကျနော်တို့ကို ဖျက်ဆီးနိုင်မယ်လို့ ဟားမတ်စ်က ထင်ပါတယ်။ ဒါပေမဲ့ ဟားမတ်စ်ကို ဖြိုဖျက်ပစ်မှာက ကျနော်တို့ပါ" လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က အစ္စရေးကို လာရောက်ဆွေးနွေးခဲ့ပြီး ပြန်သွားခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ဟာ တနင်္လာနေ့မှာ အစ္စရေးကို ပြန်လာမှာပါ။

တနင်္ဂနွေနေ့မှာ ဘလင်ကန်ဟာ ဆော်ဒီအာရေဗျမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အရှေ့အလယ်ပိုင်း လူသားချင်းစာနာထောက်ထားရေး အထူးသံတမန်အဖြစ် သံအမတ်ကြီးဟောင်း ဒေးဗစ် ဆတ္တာဖိးလ် (David Satterfield) ကို ခန့်ထားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG