သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြောင်ရှိ ကုလ ခိုလှုံရေးစခန်းတွေမှာ ရေပြတ်


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြာင့် ကုလသမဂ္ဂက ဖွင့်ထားတဲ့ ကျောင်းထဲမှာ လာရောက်ခိုလှုံနေကြတဲ့ ပါလက်စတိုင်း အရပ်သားများ။ (အောက်တိုဘာ ၁၄၊ ၂၀၂၃)
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြာင့် ကုလသမဂ္ဂက ဖွင့်ထားတဲ့ ကျောင်းထဲမှာ လာရောက်ခိုလှုံနေကြတဲ့ ပါလက်စတိုင်း အရပ်သားများ။ (အောက်တိုဘာ ၁၄၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသက ကုလသမဂ္ဂရဲ့ ခိုလှုံရာစခန်းတွေ မှာ ရေပြတ်လပ်နေပြီး ဂါဇာက အကြီးမားဆုံးဆေးရုံဝင်းထဲကို လူတွေက ပြုံတိုးခိုလှုံနေကြပါတယ်။ လူတိုင်းဟာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် တနင်္ဂနွေနေ့က ဆက်လက် ရုန်းကန်နေကြရပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း မတန်တဆများပြားလာတဲ့ လူနာတွေကို ကုသနေကြရပေမဲ့ မီးစက်တွေအတွက် လောင်စာမရှိတော့ရင် လူနာတွေ သေသွားမှာကို ပူပန်နေကြရပါတယ်။ အောက်တိုဘာလ ၇ ရက် မှာ ဟားမတ်စ် အဖွဲ့က အစ္စရေးနယ်မြေထဲဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး ၁,၃၀၀ သေဆုံးခဲ့ရပြီး အများစုက အရပ်သားတွေပါ။

ဒါကို တုံ့ပြ့န်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်း‌မြောင်ဒေသကို အစားအစာ၊ ရေ၊ မီး နဲ့ ဆေးဝါးတွေဖြတ်တောက်ခဲ့ပြီး ဟားမတ်စ်တွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာမြောက်ပိုင်းဒေသက နေထိုင်သူ ခန့်မှန်းခြေ လူ ၁ သန်းကို မြေပြင်ထိုးစစ်မစတင်မီ တောင်ပိုင်းကိုရှောင်ကြဖို့ အစ္စရေးက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့အပတ် တိုက်ပွဲတွေ စဖြစ်ကတည်းကဆိုရင် ပါလက်စတိုင်း ၂,၃၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဂါဇာက လူ ၂ သန်းကျော်ကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လွှဲပြောင်းနိုင်ရေးအတွက် အရေးပေါ် လမ်းကြောင်းဖွင့်ပေးဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG