သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရောက် ကန်နိုင်ငံခြားရေးဝန်ကြီး ဟားမတ်စ်တိုက်ခိုက်မှုရှုတ်ချ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အစ္စရေးနိုင်ငံ၊ Tel Aviv မြို့ကို ရောက်ရှိစဥ်။ (အောက်တတိုဘာ ၁၂၊ ၂၀၂၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အစ္စရေးနိုင်ငံ၊ Tel Aviv မြို့ကို ရောက်ရှိစဥ်။ (အောက်တတိုဘာ ၁၂၊ ၂၀၂၃)

အစ္စရေးကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု တို့တွေ့ဆုံခဲ့ပြီး အစ္စရေးအပေါ် ဟားမတ်စ် Hamas တိုက်ခိုက်မှုအပေါ် ရှုတ်ချကြဖို့တိုက်တွန်းခဲ့ပါတယ်။

“ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကိုလိုလားသူတိုင်း ဟားမတ်စ် အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကို ရှုတ်ချရပါမယ်။” လို့ နိုင်ငံခြားရေးဝန်ကြီး Blinken က အစ္စရေးဝန်ကြီးချုပ်နဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာပြောဆိုခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ ပါလက်စတိုင်းတွေကို ကိုယ်စားမပြုကြောင်းနဲ့ လက်ရှိပဋိပက္ခကိုအခွင့်ကောင်းယူပြီး အစ္စရေးကိုတိုက်တာ မျိုးမလုပ်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုတည်ရှိသ၍ အစ္စရေးရဲ့ နောက်မှာအမြဲရပ်တည်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က ပြောဆိုခဲ့ပါတယ်။

ဟားမတ်စ်ရဲ့တိုက်ခိုက်မှုအတွင်း အမေရိကန် ၂၅ ဦးသေဆုံးခဲ့ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံကနိုင်ငံသားတွေသေဆုံးတာ၊ ပျောက်ဆုံးတာတွေဖြစ်ခဲ့တယ်လို့ လည်း Blinken ကပြောဆိုခဲ့ပါတယ်။ လက်ရှိ အစ္စရေးဟားမတ်စ်ပဋိပက္ခကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အခြားနိုင်ငံတွေကိုကူးဆက်မသွားအောင် နိုင်ငံခြားရေးဝန်ကြီး Blinken က သံတမန်ရေးနည်းအရတွန်းအားပေးမယ်လို့မျှော်လင့်ရပါတယ်။ ကြာသပတေးနေ့နှောင်းပိုင်းမှာ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဘ္ဘဒူလာနဲ့တွေ့ဆုံမှာဖြစ်သလို အေမန် (Amman) နိုင်ငံကိုလည်းသွားရောက်မှာဖြစ်ပါ တယ်။

သောကြာနေ့မှာတော့ ပါလက်စတိုင်း သမတမာမွတ်အဘက်စ်နဲ့ ဂျော်ဒန်နိုင်ငံမှာတွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် ကာတာနိုင်ငံကိုခရီးဆက်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ဆော်ဒီအာရေးဗီးယားကိုလည်း သွားရောက်မယ်လို့မျှော်လင့်ရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lyod Austin ဟာလည်း သောကြာနေ့မှာ အစ္စရေးကိုသွားရောက်မှာဖြစ်ပါတယ်။ အစ္စရေးမှာ အမေရိကန်နိုင်ငံသား ၁ သိန်း ၇ သောင်း လောက်ရှိနေပြီး အမေရိကန် အစိုးရကကယ်ဆယ်ရေးအတွက်လေယဉ်တွေစတင်သွားရောက်တော့မှာဖြစ်ကြောင်းနဲ့ ဂါဇာ ဒေသမှာအမေရိကန်နိုင်ငံ သား ၅ ရာနဲ့ ၆ ရာလောက်ရှိနေတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

XS
SM
MD
LG