သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကာကွယ်ရေး အကူအညီပေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ကတိပြု


Tel Aviv မြို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (အောက်တိုဘာ ၁၂၊ ၂၀၂၃)
Tel Aviv မြို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (အောက်တိုဘာ ၁၂၊ ၂၀၂၃)

ဟာမက်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုခံထားရတဲ့ အစ္စရေးတို့နဲ့ စည်းလုံးမှုရှိတယ်ဆိုတာပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးနိုင်ငံ Tel Aviv မြို့ကိုသွားရောက်ပြီး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီနေ့ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အစ္စရေးကို အမြဲကူညီနေမှာဖြစ်တယ်လို့ တွေ့ဆုံပွဲအပြီး ပူးတွဲသတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့ အင်အားရှိတာမှန်ပေမဲ့ အမေရိကန်ပြည်ထောင်စု ရှိနေသရွှေ့ အစ္စရေးဘက်က အမြဲရပ်တည်ကာကွယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သတင်းစကားကို ပါးချင်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။ ဟာမက်စ်ဘက်ကပစ်တဲ့ ဒုံးကျည်တွေကို ပစ်ချကာကွယ်နိုင်ဖို့လက်နက်တွေအပါအဝင် အစ္စရေးကို ပေးမယ်လို့ အမေရိကန်တို့ ကတိပြုထားတဲ့ ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေလည်း အစ္စရေးကို ရောက်ရှိနေပြီလို့ သူကပြောပါတယ်။ အစ္စရေးမှာ အသစ်ဖွဲ့စည်းထားတဲ့ အရေးပေါ်အစိုးရအဖွဲ့နဲ့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒီနေ့တွေ့ဆုံခဲ့ပါတယ်။ ဟာမက်စ်စစ်သွေးကြွတွေ ဓါးစာခံအဖြစ် ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွတ်မြောက်လာရေးနဲ့ အစ္စရေး ထိုးစစ်ဆင်တိုက်နေတဲ့ ဂါဇာဒေသထဲမှာ ပိတ်မိနေသူတွေ ဘေးလွတ်ရာ သွားနိုင်ရေးကိစ္စတွေကိုလည်း ဝန်ကြီး Blinken ရဲ့ ခရီးစဉ်အတွင်းမှာ အဓိကထား ကြိုးပမ်းမှာဖြစ်ပါတယ်။

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းမှာ အစ္စရေးဘက်က အခြေစိုက်နေရာတွေ တောက်လျှောက်တိုးချဲ့နေတာနဲ့ ဂါဇာဒေသကို ၁၆ နှစ်ကြာ ပိတ်ဆို့ထားတာတွေကြောင့် ပါလက်စတိုင်းပြည်သူတွေခံစားနေရတာကို သည်းမခံနိုင်တော့တဲ့အတွက်လို့ဆိုပြီး ဟာမက်စ်စစ်သွေးကြွတွေက ပြီးခဲ့တဲ့ စနေနေ့မှာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ မြို့တွေ ရွာတွေထဲ ဝင်ရောက် တိုက်ခိုက်ခဲ့သလို ရာနဲ့ချီကိုလည်း ဓါးစာခံတွေအဖြစ် ခေါ်ဆောင်သွားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း အမေရိကန်တွေ အပါအဝင် စုစုပေါင်း ၁၂၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က ဂါဇာဒေသအပေါ် အကြီးအကျယ်ပြန်လည်တိုက်ခိုက်နေတာမှာလည်း သေဆုံးသူ ၁၃၀၀ ထက်မနည်းရှိနေပါပြီ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးနိုင်ငံကနေ ဂျော်ဒန်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ ဂျော်ဒန်ဘုရင် Abdullah, ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas တို့နဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG