သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြောင်ပိတ်ထားမှု ပြန်ဖွင့်ပေးဖို့ အစ္စရေးကို  ကုလတောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani (Photo: UN Multimedia)
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani (Photo: UN Multimedia)

နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ အသက်ကယ်ဆယ်ရေးအကူအညီတွေ ပိတ်ပင်တာကို တားမြစ်ထားတာကြောင့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး ဝိုင်းရံထားတာကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။ “အရပ်သားတွေရဲ့ ရှင်သန်မှုအတွက် အရေးကြီးတဲ့ကုန်ပစ္စည်းတွေကို ကန့်သတ်မထားရဘူး” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဝိုင်းရံထားတဲ့နေရာတွေကနေ အရပ်သားတွေထွက်ချင်ရင် ထွက်ခွင့်ပေးရပါမယ်။ စစ်ဘက်ဆိုင်ရာလိုအပ်ချက်ကြောင့် ကန့်သတ်ချုပ်ချယ်မှုတွေလုပ်ရင် အရပ်သားတွေပါ သိမ်းကျုံး ပြစ်ဒဏ်ပေးသလို ဖြစ်နိုင်လို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်မှာ ဒါကို ရှင်းရှင်းလင်းလင်း တားမြစ်ထားပြီး ဒီလို မလုပ်ရင် စစ်ရာဇဝတ်မှု ဖြစ်သွားနိုင်တယ်လို့ UNHCR က ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မှတ်တမ်းတွေအရ ဂါဇာကမ်းမြောင်မှာ လူ ၂၀၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုမှာ ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ပြောပါတယ်။ အစ္စရေးအာဏာပိုင်တွေက ဂါဇာကမ်းမြောင်မှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားလို့ လောလောဆယ် ဂါဇာမှာ ဂါဇာဓာတ်အားပေးစက်ရုံတခုပဲ လည်ပတ်နေပြီး ဒါက ရက်ပိုင်းအတွင်း စွမ်းအင်လောင်စာကုန်သွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

အစ္စရေးဟာ ဂါဇာမှာ လူပေါင်း ၆၁၀,၀၀၀ ကျော်ကိုလည်း ရေပေးဝေမှု ဖြတ်တောက်ထားပါတယ်။

ဂါဇာကမ်းမြောင်မှာ ပြီးခဲ့တဲ့ စနေနေ့ကစပြီး ကျန်းမာရေး ဆေးခန်းတွေနဲ့ ဆေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ခြောက်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကြေညာထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးကို ဒုံးကျည်တွေ ပစ်လွှတ်နေချိန်မှာ အစ္စရေးဘက်ကလည်း ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေလို့ နှစ်ဖက်စလုံးမှာ သေဆုံးသူတွေ ထပ်မံတိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ရဲ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အစ္စရေးသတင်းတွေအရ တနင်္လာနေ့ညပိုင်းအထိ ပြည်ပနိုင်ငံသားတွေအပါအဝင် အစ္စရေးနိုင်ငံသား ၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဂါဇာက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရတော့ ပါလက်စတိုင်း ၆၈၇ ဦးထက်မနည်း သေဆုံးထားပါတယ်။

ဂါဇာကမ်းမြောင်ပိတ်ထားမှု ပြန်ဖွင့်ပေးဖို့ အစ္စရေးကို ကုလတောင်းဆို
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG