သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတိုက်ပွဲဝင်စစ်သားများကို ဥပဒေကြောင်းအရ အစ္စရေးက အကာအကွယ်ပေးမည်


သုံးပတ်ကြာတဲ့ ဂါဇာကမ်းမြှောင် တိုက်ပွဲမှာ ပါဝင် ဆင်နွှဲခဲ့တဲ့ အစ္စရေး စစ်သားတွေကို စစ်ရာဇဝတ်မှုတွေနဲ့ စွဲဆိုလို့ မရအောင် အစ္စရေးအနေနဲ့ ဥပဒေကြောင်းအရ အကာအကွယ် ပေးသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

အစ္စရေး စစ်သားတွေကို တရားစွဲဆိုနိုင်တဲ့ ကိုယ့်ကို ကိုယ်မှန်တယ်လို့ ယူဆသူတွေရဲ့ လုပ်ရပ်အပေါ် ကာကွယ် ဟန့်တားရေး ကော်မတီတရပ်ကို ကြီးကြပ်ဖို့ အစ္စရေး ဝန်ကြီးချုပ် အီဟွတ် အိုမာဒ်က တရားရေး ဝန်ကြီး Daniel Friedman ကို ခန့်ထားလိုက်ပါတယ်။ အစ္စရေးဟာ အကာအကွယ်မယ့် ဖြစ်နေသူတွေအပေါ် စစ်ရေးအရ တိုက်ခိုက်တာဟာ လူသားချင်း စာနာမှု ဥပဒေသတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တဦးဖြစ်တဲ့ Richard Falk က ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ ဒီ သုံးပတ်ကြာ တိုက်ပွဲဟာ စစ်သွေးကြွ ဟားမတ်အုပ်စုရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်နေတဲ့ရန်ကို ကာကွယ်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်မှာတော့ သမ္မတ အိုဘားမားဟာ အရှေ့အလယ်ပိုင်း အထူးကိုယ်စားလှယ် အရင် အထက်လွှတ်တော် အမတ်ဟောင်း George Mitchell ကို အရှေ့ အလယ်ပိုင်းဒေသကို အခုအပတ်အတွင်း သွားဖို့ စေလွှတ်ထားပါတယ်။ သူဟာ အစ္စရေး ခေါင်းဆောင်တွေနဲ့ရော အနောက်ဖက်ကမ်းက ပါလက်စတိုင်းသမ္မတ မာမွတ်အာဘစ်နဲ့ပါ တွေ့ဆုံသွားမယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG