သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်မစ် စစ်သွေးကြွခေါင်းဆောင် နှစ်ဦးကို အစ္စရေးသုတ်သင်


Palestinians search through the rubble of a building in which Khaled Mansour, a top Islamic Jihad militant, was killed following an Israeli airstrike in Rafah, southern Gaza strip, Aug. 7, 2022.
Palestinians search through the rubble of a building in which Khaled Mansour, a top Islamic Jihad militant, was killed following an Israeli airstrike in Rafah, southern Gaza strip, Aug. 7, 2022.

ပါလက်စတိုင်းဒေသ၊ ဂါဇာကမ်းမြောင်က ဒုက္ခသည်အများအပြား နေထိုင်တဲ့ စခန်းအတွင်းမှာ ရှိနေတဲ့ ထိပ်တန်းအစ္စလာမ် စစ်သွေးကြွခေါင်းဆောင် နှစ်ဦးကို ဒီကနေ့ သတ်ဖြတ်လိုက်ကြောင်း အစ္စရေးက ပြောပါတယ်။ ဒါဟာ အခုသီတင်းပတ်ကုန်ပိုင်း မတိုင်ခင် အစ္စရေးက စစ်သွေးကြွအုပ်စုကို သုတ်ရှင်းလင်းရေး စတင်လုပ်ဆောင်တဲ့ စစ်ရေးအတွင်း ဒုတိယအကြိမ်မြောက် ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွအဖွဲ့ကလည်း အဲဒီသတ်ဖြတ်မှုကို လက်စားချေတဲ့အနေနဲ့ အစ္စရေးနိုင်ငံအတွင်းကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင်း ပါလက်စတိုင်းဒေသနဲ့ အစ္စရေးအကြား နယ်စပ်ဖြတ်ကျော်ပြီး စစ်ဖြစ်မယ့်အရိပ် လက္ခဏာတွေ ထွက်ပေါ်နေပါတယ်။

ဂါဇာဒေသကို အုပ်ချုပ်နေတဲ့ Hamas အဖွဲ့က လက်ရှိအချိန်ထိတော့ တစုံတရာ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ဘေးကထိုင်ကြည့်နေပါတယ်။ ဒါဟာ ထောင်နဲ့ချီတဲ့ ဂါဇာဒေသခံတွေ အစ္စရေးနိုင်ငံအတွင်း နေ့စဉ် အလုပ်သွားလုပ်နေကြတာကြောင့် သူတို့ဝင်ပါမှုအပေါ် အစ္စရေးက လက်စားတုန့်ပြန်လိုက်ရင် အဲဒီ စီးပွားလုပ်ကိုင်ခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ကြပါတယ်။

ဂါဇာကမ်းမြောင် တောင်ဘက်အပိုင်း Rafah မှာရှိတဲ့ တိုက်ခန်းတခုကို အစ္စရေးက စနေနေ့နှောင်းပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့အတွက်၊ အစ္စလာမ် စစ်သွေးကြွခေါင်းဆောင်တဦးဖြစ်သူ Khaled Mansour ဆိုသူ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း တခြားစစ်သွေးကြွ နှစ်ဦးနဲ့ အရပ်သား ၅ ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

=====Unicode ====





XS
SM
MD
LG