သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုတွေကြောင့် အစ္စရေးလ်မှာ ၇၀၀၊ ဂါဇာမှာ ၅၀၀ နီးပါးသေ


ဂါဇာကမ်းမြောင်အနီး Jabalia ဒုက္ခသည်စခန်းမှာ အစ္စရေးတိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့ ပါလက်စတိုင်းတဦးရဲ့အလောင်းကို သယ်ဆောင်လာကြစဉ် (အောက်တိုဘာ ၉၊ ၂၀၂၃)
ဂါဇာကမ်းမြောင်အနီး Jabalia ဒုက္ခသည်စခန်းမှာ အစ္စရေးတိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့ ပါလက်စတိုင်းတဦးရဲ့အလောင်းကို သယ်ဆောင်လာကြစဉ် (အောက်တိုဘာ ၉၊ ၂၀၂၃)

ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ ရုတ်တရက် တိုက်ခိုက်လာမှုကို လက်တုံ့ပြန်ဖို့အတွက် အစ္စရေးလ်က အရန်တပ်တွေ ဆင့်ခေါ်နေတဲ့ တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းကနေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီနေ့ပဲ (အောက်တိုဘာ ၉) ပြောပါတယ်။

အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကတော့ ဟားမတ်စ် စစ်သွေးကြွတွေကျူးကျော်ဝင်ရောက်ခဲ့တဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ သတင်းထောက်တွေကို ပြောပါတယ်။ အစ္စရေးထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ ရောက်နေတဲ့ စစ်သွေးကြွတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် တနင်္လာနေ့ နေ့လယ်ပိုင်း စာရင်းအရ အစ္စရေးမှာ လူ ၇၀၀ နဲ့ ဂါဇာမှာ ၅၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ဂါဇာကမ်းမြောင် ဒေသမှာ လူပေါင်း ၁ သိန်း ၂ သောင်း ၃ ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး Jonathan Conricus ကလည်း စစ်ပွဲပြီးဆုံးချိန်မှာ အစ္စရေးပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ ဟားမတ်စ်စစ်သွေးကြွ တွေရဲ့ စစ်ရေးစွမ်းရည်တွေကိုကျဆင်းကုန်ခမ်းသွားအောင် လုပ်ဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်တွေ ဘယ်တော့မှ အုပ်ချုပ်လို့ မရနိုင်အောင် လုပ်မယ်လို့လည်း X လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ပြောထားပါတယ်။ အရန်တပ်သား ၃ သိန်းကျော်ကို စုဆောင်းထားတယ်လို့လည်း အစ္စရေးစစ်တပ်ကပြောပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant ကလည်း ဂါဇာကမ်းမြောင်ဒေသမှာ လျှပ်စစ်ဓာတ်အား၊ အစားအစာ၊ ရေနဲ့ သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ကို ဖြတ်တောက်မယ်လို့ ဗွီဒီယိုထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော် လူများစု ခေါင်းဆောင် Chuck Schumer ကတော့ သေဆုံးသူတွေထဲမှာ အနည်းဆုံး အမေရိကန် လေးဦး ပါဝင်ပြီး အရေအတွက် တိုးလာနိုင်တယ်လို့ပြောပါတယ်။ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဗြိတိန်၊ ပြင်သစ်၊ နီပေါ၊ ထိုင်းနဲ့ ယူကရိန်းနိုင်သားတွေလည်းပါဝင်ပါတယ်။ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell ကတော့ မနက်ဖြန်မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးကို ခေါ်ယူပြီး အခြေအနေကို ဆွေးနွေးရန် ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မနေ့က တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အစ္စရေးလ်မှာ ၇၀၀၊ ဂါဇာမှာ ၅၀၀ နီးပါးသေ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG