သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်နဲ့ အစ္စရေး တိုက်ပွဲပြင်းထန်  


စနေနေ့ မနက်က ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အစ္စရေးကို ထောင်နဲ့ချီတဲ့ ရော့ကက် ဒုံးကျည်တွေနဲ့ ရုတ်တရက် စတင် ပစ်ခတ် ခဲ့ပြီးနောက်၊ အစ္စရေး ကလည်း လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကာ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။

စနေနေ့ မနက်က ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့က အစ္စရေးကို ထောင်နဲ့ချီတဲ့ ရော့ကက် ဒုံးကျည်တွေနဲ့ ရုတ်တရက် စတင် ပစ်ခတ် ခဲ့ပြီးနောက်၊ အစ္စရေး ကလည်း လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကာ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။ ဟားမတ်စ်တပ်ဖွဲ့တွေဟာ မြေပြင်ကနေလည်း အစ္စရေးနယ်ထဲကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး စစ်ဖြစ်နေပြီလို့ ကြေညာခဲ့သလို၊ အရေးပေါ်အရံ တပ်ဖွဲ့တွေကို စုစည်းနေပါတယ်။ ဂျူး ဘာသာဝင်တွေရဲ့ ဘာသာရေး အားလပ်ရက်ကာလမှာ ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် အခုအချိန်အထိသေဆုံးသူ ၃၀၀ ကျော်ရှိပြီး ထောင်နဲ့ချီ ဒဏ်ရာရတယ်လို့ အစ္စရေးတာဝန်ရှိသူတွေကပြောပါတယ်။

ဒုံးကျည်တွေလာရာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေယာဉ်တွေနဲ့ ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အနည်းဆုံး ပါလက်စတိုင်းဘက်က ၂၃၀ ကျော် သေဆုံးခဲ့ပြီး ၁,၆၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့တွေဟာ ဒုံးကျည်တွေနဲ့ ပစ်ခတ်ရုံတင်မကဘဲ အစ္စရေးရဲ့နေရာ ၂၀ လောက်ကို ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဟားမတ်စ်တပ်ဖွဲ့တွေဟာ အစ္စရေးနိုင်ငံသားတချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့တွေဟာ စနေနေ့ ညနေအထိ ဒုံးလက်နက်တွေနဲ့ ဆက်လက် ပစ်ခတ်နေဆဲဖြစ်ပါတယ်။ အခုလို ဟားမတ်စ် အဖွဲ့ရဲ့တိုက်ခိုက်မှုကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ အီရန် အစိုးရကတော့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို ထောက်ခံ ချီးကျူးခဲ့သလို ရာနဲ့ချီတဲ့သူတွေလည်း လမ်းပေါ်တက်ပြီး ဆန္ဒပြ ထောက်ခံခဲ့ကြပါတယ်။

XS
SM
MD
LG